သခင်….
မုန်းတယ်ဆိုမှဖြင့်…
သခင်ပစ်ခွာလို့
ရက်စက်ကာထားခဲ့ရင်လည်း
အရှုံးလေးနဲ့မှိုင်
အပြုံးလေးနဲ့ပဲ
နေနိုင်အောင်နေပါ့မယ်…
အခုကျ သခင်ရယ်…
အချစ်ပန်းလည်း မကုံး
အမုန်းပန်းလည်း မဆင်
သံယောဇဉ် ပိစိကလေးနဲ့
မထိတထိ လာလာကလိနေတော့
ဟောဒီက ငြိမိတဲ့သူပဲ
ထိပြန်ရော….
မှိုင်တိုင်ငိုင်ဆွေး
အတွေးများနဲ့ချာလည်…
အဆွေးများပဲ သည်းလာတယ်…
ဟိုအဝေးနားပဲ
ငါ…
နေသာမယ်…
သြော်...
ရင်မှာ ... မဖြေသာ
ဝေဒနာ မြစ်တစ်စင်းရဲ့
ရင်တွင်းဖြစ်အင်
နင့်ဘ၀င် ထင်မြင်စေဖို့
အတွင်းသို့အရောက်ဝင်
မြင်သာအောင်ကြည့်လှည့်ပါသခင်…
သခင်...
Posted by
စိမ်း...
25.4.09
Labels: ကဗျာ
3 comments:
မမြင်နိုင်တဲ့လူ မြင်စေချင်ပါတယ်ဗျာ ... မြင်ပါစေ လို့ဆုတောင်းပေးလိုက်မယ် ....
ဒါလေးလဲ ကြိုက်တယ်ဗျား.. ကာရံပါမှ ရင်ထဲရောက်တာ တောသားလို့ ဆိုချင်ဆို.. ဒါမျိုးတွေပဲ ခိုက်တာ..။ ဒါနဲ့ အတွင်းထဲထိ အရောက်ဝင် မြင်အောင်ကြည့်ဆိုတော့ ဘယ်အတွင်းထဲလဲ..ဟင်.. မသိလို့ မေးကြည့်ပါတာနော်..
နာတော့ စာအုပ်ထုတ်လိုက်ချင်တာပ ကဗျာဆရာမလေး စိမ်းရေ။ ရေးချက်က လန်းတယ်။ မြင်စေ့ချင်လိုက်တာ သူတစ်ယောက်ကိုနော့်
Post a Comment