မျိုးစေ့လည်းမှန် အပင်သန်လျက်
အလွမ်းသာပွင့်တတ်မယ်မှန်း
ဟိုး…..အစကတည်းကသိရင်
ဒီပန်းအိုး ငါမပျိုးခဲ့ပါဘူး….
ရိုက်ကွင်းပေါ်က လပ်ဗ်ဆင်းန်လို
`ကတ်´ဆို…
ချက်ချင်းကြီးလည်း
နင်ပြောင်းလဲတတ်တာပဲနော်…
နင်ကိုယ်တိုင်ရေးတဲ့ဇာတ်ညွှန်း
ဆေးစွန်းရာ အရုပ်ထင်ချင်သူကို…
သရုပ်မှန်စင်တင်ခွင့်လေးတောင်
မပေးနိုင်ဘူးလား…
ရုပ်ရှင် ဒါရိုက်တာကြီးရယ်…
အပေါစား အချစ်တွေ တန်ဆာဆင်
မာယာခွင်နဲ့ လှည့်စား
ဥပေက္ခာတွေကလည်း
ခမ်းနားလိုက်တာ....
ဆန်းပြားမှုတွေသိမ်းလှောင်
ပိန်းပိတ်အောင်မှောင်တဲ့
ဒီ...အစိမ်းရင့်ရောင်အလွမ်းဇာတ်မှာ
`````ကတ်´´´´´ ………လို့
နင်မဆိုလိုက်ခင်…
အားရအောင် …
ငါ….. ငိုရှိုက်ပါရစေ…
ဒါရိုက်တာ
Posted by
စိမ်း...
25.4.09
Labels: ကဗျာ
2 comments:
အရင်တစ်ခေါက်ဖတ်ကတည်းက နှစ်သက်မိတာ ...
ကောင်းတယ် ..
စိမ်းရေ ကဗျာကနော် သက်ဝင်နေရော ကောင်းလိုက်တာ။ (မင်းနေဝေးက အရင်တခေါက်တည်းက ဆိုတော့ ဘယ်တုန်းက ဘယ်မှာ ရေးသေးတာလဲ)
Post a Comment