ငါလေ….
အသည်းကွဲတယ်ဆိုတဲ့ ဝေါဟာရထက်
ပြောရမှာခက်တဲ့ အနက်ရောင်ဝေဒနာဆိုး
ခံစားချက်သဏ္ဍာန်အမျိုးမျိုး…
တနင့်တပိုးနဲ့ ပိုးမွေးသလိုကို
အသေအချာ ပျိုးထားတယ်ချစ်သူ…
နိုးလာတိုင်း …. သတိတရနဲ့
အမိအရ…. ထုတ်ထုတ်ကြည့်ရတာလည်း အမော….
ပြောချင်သလိုသာပြော….
စောတကလည်းမတက်တော့ပါဘူး…
နင်ပေးခဲ့သမျှ…. ကာလာအရောင်စုံ
ဝေဒနာအဖုံဖုံရဲ့ဒဏ်
ခံရဖန်များလာတော့
ဟောဒီ…နှလုံးသားလည်း
ကန္တာရဆန်လာတယ်…
နင်ခဏခဏပြောတဲ့ အမှန်ဆိုတာက…
ငါ့အတွက်တော့
ကြမ္မာဆိုးကိုသာစေတတ်တဲ့ကံ…
`ဒဏ်ပေးတာမဟုတ်ဘူး´ လို့
အတန်တန်ငြင်းနေလည်း
ငါခံခဲ့ရတာကတော့ အမှန်ပဲလေ…
နင်ချန်ခဲ့တော့လည်း
ငါဘာများ ပြန်ပြောခဲ့ဖူးသလဲ…
ငါ့ထိုက်နဲ့ ငါ့ကံပေါ့….
သဏ္ဍာန်အတုကိုသုံး …. ပြုံးနေတဲ့ဟန်….
ငါ့နှုတ်ခမ်းမှာ ပန်ထားမယ်…
နင် ပျော်ရာမှာသာ စံပါလေ…
ရင်ထဲက ဆန္ဒမပါမှတော့
ဟန်ပြသက်သက် လာမပတ်သတ်နဲ့…
တစ်ခါတည်း အသေသာသတ်သွား…
ပြီးရင်သာ ဟောဒီဓါးနဲ့ ငါ့အသဲကိုခွဲ…
သဲသဲကွဲကွဲ နားထောင်ကြည့်…
သတိလေးလည်းကပ်ထား နှလုံးသားနဲ့ခံစား…
အမှန်အကန် ကြားရလိမ့်မယ်…
ပွက်ပွက်ညံ အသံဗလံတွေ
……………………………..
အဲ့ဒါ `ရင်အက်သံ´ လို့ ခေါ်တယ်...
ရင်အက်သံ...
Posted by
စိမ်း...
25.4.09
Labels: ကဗျာ
2 comments:
ကဗျာဖတ်ရင်းနဲ့ အသံတွေကြားနေရတယ် ...
အဲ့တာ ရင်အက်သံများလား ....
ချစ်လည်းချစ်တတ် လွမ်းလည်း လွမ်းတတ်ပါ့။ အသည်းနွမ်းတာတောင် ရင်အက်သံတဲ့ ။ နာတို့တွေတောင် ကြားရသလိုပဲ ကဗျာရေးတဲ့ ကလောင်သွေးက ထက်တယ်ကွယ်။
Post a Comment