စည်းချက်လေးနဲ့ မှန်မှန်ခုန်
နင့်ရင်အုံ ဘယ်ဘက်ဘေးက…
နီဆွေးဆွေးအကောင်လေးလည်း ချစ်တယ်…
တစ်ခါတစ်ခါ ငါစလိုက်ရင်ပျော်
ရီလိုက်တိုင်းပေါ်တတ်တဲ့
သွားတက်ကလေးလည်း ချစ်တယ်..…
အကြင်နာအရိပ်တွေမိုး….
မြတ်နိုးချင်းနဲ့ ရောစပ်…
အဲ့ဒီ မျက်ဝန်းနက်နက်တွေလည်း ငါချစ်တယ်….
အလိုမကျလေတိုင်း
မှုန်မှိုင်းမှိုင်းတွေး….. ကွေးကွေးသွားတဲ့
နင့်မျက်ခုံးလေးလည်းငါချစ်တယ်….
အနုအရွ ချစ်စကား….
ကြားခွင့်များအား ပေးသနားတတ်တဲ့….
နှုတ်ခမ်းပါးလေးလည်းချစ်တယ်….
ဘယ်တော့မှ စိတ်မပျက်နဲ့…
ငါ့အတွက်သက်သက် မတ်ပေးမယ်ဆိုတဲ့
ပခုံးအစပ်လေးလည်း ချစ်တယ်…
ချစ်သမျှကို ပုံပမာညီ
စာစီလို့ကြောင်းပေးမယ်ဆိုတဲ့
ရှည်သွယ်သွယ် လက်ချောင်းလေးတွေလည်းချစ်တယ်….
မဖီးမလိမ်းနဲ့….
လေယူရာတိမ်း…. ယိမ်းနွဲ့လှုပ်ရှား…
အဲ့ဒီ ဆံပင်စုတ်ဖွားလေးကိုလဲ ချစ်သေးတယ်….
………………………
………………………………………………
အရောင်သွေးစုံတဲ့ သူ့မှော်ရုံတောဝယ်….
မျောမိသူပမာဆောင်တယ်……..
ရှောင်ဖယ်ပုန်းမရနိုင်ပြီမို့…….
မောင်ရယ်…
ကျေးဇူးပြုပြီး…
နင်…….မပြုံးလိုက်ပါနဲ့လား…………
သို့...
Posted by
စိမ်း...
25.4.09
Labels: ကဗျာ
2 comments:
ဟဟား .. ဒီတစ်ပုဒ်ကတော့ မလွယ်ဘူးနော် ...
တော်တော်ဆိုးနေပြီလား အခြေအနေ :D
စိမ်းလေး ဟဟ ချစ်တတ်နေလိုက်တာ ကြည့်စမ်း ။ နာတို့ဖတ်သူတွေတောင် စိတ်က နည်းနည်း နုသွားတယ်
Post a Comment