မေတ္တာ…
ချစ်တာခြင်းတူပေသော်ငြား…
ရှင်..သစ္စာယွင်းမှာကို တွေးမိပြန်တော့…
လှစ်ကာကျင်းလိုစမ်းပါဘိ…
ရွှေရင်ပူ… နွမ်းလှတယ်
ကျွမ်းသူမို့လေး…
ကရုဏာ…
ခုခါသာကြင်မူပို…
ညုခယာ မေပျိုအတွေ့
မေ့မှာသာ စိုးလှတယ်
ငြိုးပါနဲ့လေး…
မုဒိတာ…
ပုရိသာကြန်အင်စုံ…
ဘယ်ပုံရယ်နှိုင်းမမီ …
ကြည်ကြည်ဖြူ ချစ်သူပွား…
အားကျတယ်လေး…
ဥပေက္ခာ…
သူ..ပစ်ခွာလို ခွာစေတော့…
အသစ်ရှာလို ရှာစေတော့
နှစ်တစ်ရာတိုင် မေတ္တာမယိုင်
ချစ်နိုင်တယ်လေး…
ချစ်ရသူမယ်
Posted by
စိမ်း...
21.8.09
Labels: ကဗျာ
3 comments:
ချစ်စရာကောင်းတဲ့ ကာရံလေးတွေနော် ...
ကာရံလှလှလေးးတွေ . . .............
ကာရံလေးတွေလှပါ့ဗျာ... ပစ်ခွာသွားတာတောင် အပြစ်မရှာ ချစ်မယ်တဲ့လား... အဟေဟေ .. အဲဒါမျိုး ရှာနေတာ.. သိလား.. ဟီး..ဟီး
စိတ်းဆိုးရဘူးနော်... နောက်တာသေ့လား
Post a Comment