ကြည့်လျက်မမြင် မြင်လျက်မသိ
သိလျက်တစေ
နေရက်သူရေ…
နာမ၀ိသေသနတွေ အထွေးလိုက်နဲ့
ငါ့ပြေးလမ်းကို နင်ပိတ်လိုက်ချိန်…
အိမ်ပြန်လမ်းက မီးတိုင်မှာတောင်
မျှော်လင့်ခြင်းတွေ အရောင်မှိန်တယ်ဟာ…
နင်ခြုံပေးတဲ့ သူတော်ကောင်းဝတ်စုံက
ငါ့ဆန္ဒတွေအတွက် မလုံ့တလုံ…
ဟောဒီ ရင်တွင်းပိုးတွေကလည်း…
မိုးမျှော် ပိတောက်လို မငုံ့တငုံ…
ဒါပေမယ့်
အဲ့ဒီခပ်နုံနုံကောင်က ခုထိကို ထုံနေတုန်း…
မြင့်မြတ်ခမ်းနား နင့်လေးစားမှုတွေကြားမှာ
င့ါနှလုံးသား အကြီးအကျယ်ဖျားသွားတယ်…
မကစားရသေးခင် အနားပေးခံရတဲ့
အားကစားသမားလေးတစ်ယောက်ကို
ငါကောင်းကောင်းကြီး ကိုယ်ချင်းစာတတ်ပြီ ထင်တယ်
ရှောင်လင် နတ်သမီးရေ….
ဘ၀ဆိုတာလေ…
လူဆိုးလား လူကောင်းလား…
နောက်ဆုံးတော့
ခေါင်းတလားထဲက အလောင်းများလို
အကောက်နဲ့ဒိုင်ပေါင်းစားတာ ခံရမှာပဲ…
ကောင်မလေးရယ်
ဓါးနဲ့တစ်ချက်တည်းထိုးလည်း သေပါတယ်…
အဲ့ဒီလို မာယာမျိုးနဲ့
မာနကိုချိုးပြီး အသတ်ခံရတာထက်စာရင်…
ပိုးစိုးပက်စက်သာအဆဲခံပြီး…
ဒီအချိန်
ငါ….
ဗီလိန်ပဲ ဖြစ်လိုက်ချင်တော့တယ်….
(ကဗျာက မိန်းကလေးတွေအတွက်ဆို သိပ်မသင့်တော်ဘူး ထင်လို့ ယောက်ျားလေးနေရာက ရေးလိုက်ပါတယ်... )
ဗီလိန် ဖြစ်ချင်သူ
Posted by
စိမ်း...
25.8.09
Labels: ကဗျာ
6 comments:
ရင်ထဲကလာလို့ထင်တယ် ... လမ်းကြမ်းနေပါလား :D
အားး မိုက်တယ် ...... အခုတလော ခံစားနေရတာတွေနဲ့ ကွက်တိပဲ ဗျာ . ..
ရင်ကိုထိချင် ပြင်းးတယ် ............. ပာူးးးးးးးးးးးးးးးး
လန်ချက်ကတော့ လန်ထွက်နေတာပဲဗျာ..။ ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ဘူး....
ဘယ်လိုပဲ ခံစားရေးရေး ကဗျာကတော့ လန်းတယ် တကယ် ...
ဒုတိယ အပိုဒ်နဲ့ တတိယအပိုဒ်လေးကို သိပ်ကြိုက်တာပဲ
ကဗျာတစ်ပုဒ်လုံးကောင်းပါတယ်
ကဗျာလေးက သူငယ်ချင်းသီချင်းလေးတွေ အမှတ်ရစေတယ်..။သူတော်ကောင်းဝတ်ရုံလေးလည်း မခြုံချင်တော့ဘူး..ဗီလိန်ဖြစ်ရင်လည်း ဖြစ်ပါစေတော့ပေါ့.....။
Post a Comment