မတော်တဆ အကြည့်ချင်းဆုံတဲ့ပွဲမှာ
ကျွန်မ နှလုံးသား ရှဲကနဲ ကျက်သွားတယ်
ပါးပြင်ပေါ်ကမွှေးညှင်းနုတွေ အသဲအမဲထိုးထိုးထောင်…
ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘူး
မတော်တဆ အငိုက်မိသွားတယ်…
သူ့နံရိုးဖြစ်ချင်ဇောနဲ့ ပန်းသီးကို အမောတကောအကိုက်
မတော်တဆပါပဲ…
သူ့သဘောအတိုင်းလိုက်မယ့် ယုန်တစ်ကောင်ဖြစ်သွားပြန်ရော…
မာနတွေကို သက်ပြင်းတစ်ချက်နဲ့အတူ
`ဟင်း´ ကနဲ လွှတ်ချပစ်လိုက်တော့
ပန်းနုရောင်စစ်စစ် အိမ်မက်သစ်တစ်ခုရတယ်…
အဲ့ဒီမှာ သူက ရိုမီယိုပေါ့….
ဦးချစ်နိုင်နဲ့ တက္ကသိုလ်ဘုန်းနိုင်
မောင်လှမျိုးနဲ့ ရာဘင်ဒြာနတ်တဂိုး
သူကြိုက်တာမျိုးကိုမှ ကျွန်မ ကိုးစားတတ်လာတယ်
သူ့နှုတ်ကစေရင်လေ
သေပစ်လိုက်ဖို့တောင် ၀န်မလေးဘူး သိလား
အဲ့ဒီလို…
အရှုံးပေးပါတယ်လို့ နှလုံးသွေးနဲ့ရေးပြတာတောင်
အပြုံးလေးတစ်ပွင့်ခြွေဖို့အရေး
နေကြတ်တာကို စောင့်ချင်သေးတယ်ဆိုတဲ့
သူ့အတ္တနဲ့ ခလုတ်အတိုက်မှာ
ကျွန်မ…ရင်ခုန်ရဲတိုက်လေး….
မတော်တဆ(မတော်တဆ)…..ကျကွဲသွားတယ်…
မတော်တဆ
Posted by
စိမ်း...
29.8.09
Labels: ကဗျာ
9 comments:
မတော်တဆဆိုပေမယ့် တော်တော်လှတဲ့ကဗျာလေးပါ .... :D
ပာုတ်ပါတယ်ဗျာ . . .အတော်လှတဲ့ကဗျာလေးးပဲ . . .
:)
ဟင်.... အကြည့်တချက်နဲ့ အပြီးထွက်သွားတာလား (နုလုံးသားကို ပြောတာပါ) ဒါမှမဟုတ် ခေတ်ပေါ်ကဗျာလေးပေါ့နော်.... ။ ထင်ပါတယ်... အဲဒါကြောင့်လဲ နားမလည်တာပါ... ဟီး... ကျနော့်ကိုက ညံ့တာလဲ ပါမှာပါလေ..။
ဘလော့လောကရဲ့ ရှားရှားပါးပါးကဗျာကောင်းတပုဒ်ပါပဲ။
မဂ္ဂဇင်းမှာ အရွေးခံရနိင်လောက်အောင် ကောင်းမွန်ပါတယ်။
ရွေးချယ်ထားတဲ့ စကားလုံးတွေ ပြောင်မြောက်တယ်
ရည်ရွယ်ရာ သဘောကိုလည်း ပေါ်လွင်တယ်။
သဘောကျနှစ်သက်ပါတယ်။
မိုက်လိုက်တယ့်ကောင် ငါ့မှာသာ အဲ့လိုယုံကြည်သက်ဝင်မှုရှိတယ့် ကောင်မလေးရှိရင် နေကြတ်ကြတ်မိုးပြိုပြို အို.. သူသာဘ၀ပဲ အမြဲပြုံးပြနေမယ် ... လှလှပပလေး
ကျွန်မနှလုံးသား ရှဲကနဲ ကျက်သွားတယ်
ကောင်းလိုက်တာ ကဗျာတစ်ပုဒ်လုံး စာသားတွေက
နုရွလှပနေလိုက်တာ
ဒီကဗျာလေး အရမ်းကြိုက်တယ်ဗျို့ 
ခင်တဲ့
ရန်ကုန်သား
အေးမြသာယာပါစေ :D
ကဗျာအရမ်းကောင်းတယ်။
ကဗျာဖတ်နေတုန်း အသက်ရှုတောင် ရပ်သွားသလိုပဲ။
ကဗျာလေးကောင်းတယ်..ဒါပေမယ့် ခေါင်းစဉ်လေးက ပေါ့နေသလိုပဲ...(ဆရာလုပ်တာ မဟုတ်ဘူးနော်..:P)..
တစ်ပုဒ်လုံး အားထုတ်ထားပြီး ခေါင်းစဉ်က လျော့နေတယ်လို့ ခံစားမိတယ်..။
ဖတ်မိတဲ့ ကဗျာတွေထဲမှာ ဒီကဗျာလေးတော်တော်ကြိုက်တယ်..
အဲ့ဒီလို…
အရှုံးပေးပါတယ်လို့ နှလုံးသွေးနဲ့ရေးပြတာတောင်
အပြုံးလေးတစ်ပွင့်ခြွေဖို့အရေး
နေကြတ်တာကို စောင့်ချင်သေးတယ်ဆိုတဲ့
သူ့အတ္တနဲ့ ခလုတ်အတိုက်မှာ
ကျွန်မ…ရင်ခုန်ရဲတိုက်လေး….
မတော်တဆ(မတော်တဆ)…..ကျကွဲသွားတယ်…
စကားလုံးလေးတွေ ရေလည်လှတယ်.. :)
Post a Comment