တမင်တကာရော မဆင်ခြင်တာရော
ဘယ်လိုသဘောနဲ့ပဲဖြစ်ဖြစ်
နင့်အပြစ်ဟူသမျှ
လျစ်လျူရှုမြဲ ခွင့်လွှတ်ဆဲမို့
မွေးမိခင်လို အချစ်ပို…. တဲ့….
လိုအင်မှန်သမျှ မရမကဖြည့်ဆည်း
နင်ချည်းသာစေ ပျော်စေရည်စူး
ဦးစားပေးမြဲ အနစ်နာခံဆဲမို့
မွေးချင်းသွေးနီး အစ်မကြီးလို အချစ်ပိုတဲ့
ချိုသာစကား သကာပျားသို့
ရိုးသားဖြူစင် သံယောဇဉ်နဲ့
အလိုက်သိမြဲ သိတတ်ဆဲမို့
ညီမလေးလို အချစ်ပိုတဲ့
ရောင်းရင်းတွေ မြှောက်လို့ပေးသမျှ
ပေါက်ကရလေးတွေလျှောက်ဖန်
နောက်ဆံငင်လည်း
ထောက်ခံနေဆဲ နားလည်မြဲမို့
ထာဝရချစ်ခြင်း သူငယ်ချင်းတဲ့
ငါဇာတ်ဖော်သမျှ နင်ကွက်ကျော်မြင်မှတော့
ဘယ်လိုတွက်တွက်ကို ချော်နေဦးမှာပဲ…
ကဲ ကိုလျှော်ကင်းရေ…
ဖော်တသင်းနဲ့ ပျော်သလိုသာနေ…
ငါကလေ…
တော်ရာမှာခွေလို့
နင်လက်ညှိုးညွှန်ရာ…..ရေ ဖြစ်စေမယ်…
စေလိုရာ… စေ…
စေလိုရာ...စေ
Posted by
စိမ်း...
23.8.09
Labels: ကဗျာ
5 comments:
အားးးး ... အကုန်လုံးကွန်မန့်တွေ ပေးပြီးမှ ပေါ်မလာဘူးပဲ ...
:( ... တစ်ခုခုတော့မှားနေပြီ
ဟုတ်တယ် .. ဘာမှားနေလဲ မသိဘူးနော်
မှားတာမဟုတ်ဘူး .... ကျွန်တော်မှားနေလို့ .. :D
စေလိုရာစေသတဲ့လားဗျာ . . . . .
ကဗျာလေးက အသက်ဝင်လိုက်တာ ရင်ထဲမှာတောင်နင့်တယ်
စေလိုရာစေဆိုလို့ မေးပါရစေဗျာ... မီးပုံထဲ ခုံချခိုင်းတာတို့၊ ချောက်ထဲ ခုန်ချခိုင်းတာတို့ ဆိုရင်ရော လုပ်မှာပဲလား.. ဟင်... မသိလို့မေးတာပါနော်.. စိတ်ဆိုးနဲ့.. သိလား... ဟီး.
ကျနော်က နောက်တတ်တယ်ဗျ တကယ်ပြောတာ စိတ်မဆိုးနဲ့ မြင်မိတာလေးတွေ ပြောမိတာပါ မပြောဘဲလဲ မနေနိုင်ဘူးလေ. အဲဒ့ကြောင့်ပါနော်..။
Post a Comment