Loading...
.

ကျိန်စာ

အတော်မသတီစရာကံကြမ္မာကို ပြန်တွေးမိတိုင်း
ငါ့စိတ်ကိုယ် ငါ... အော်ဂလီဆန်လာတယ်...
ပြုသူအသစ် ဖြစ်သူအဟောင်း...
အကောင်းအဆိုးအကျိုးမှန်သမျှရဲ့ တရားခံ...
တရံရောအခါက ငါမဟုတ်တဲ့ငါ့ဆီ ...
နောက်ပြန်လည်တဲ့ နာရီတစ်လုံးပဲအလှူခံချင်ရဲ့....
အဲ့ဒီလိုဆို သောကြာနေ့တိုင်း ငါ ခဏသေမယ်...

အသိန်းအသန်းချီ... ကိန်းဂဏန်းတွေအလီလီနဲ့
အစိမ်းရောင်သန်းညှီနေတဲ့ နင့်ဦးနှောက်ကြီးကို
သံပုရာသီးနာနာညှစ်လို့ ခေါစာပစ်လိုက်မယ်...
ငါ့ဒိုင်ယာရီနဲ့ ဝေးနိုင်သမျှဝေးဝေးကို.....

ဒါ...
ကြက်ဖခွပ်တမ်းကစားနေတာမဟုတ်ဘူး...
နင့်အတ္တနဲ့ငါ့မာန စီးချင်းထိုးတဲ့ပွဲမှာ
နှလုံးသားတော့ ရင်းရဲရမယ်...
ထားပါတော့....
နင်ပြောသလိုပဲ... မိန်းမ၀ါဒီဆန်တယ်...
ငါ့အမှန်တရားနဲ့ငါ... ဆက်လက်မှားယွင်း....
ငါ့ကျောက်ထွင်းအက္ခရာတိုင်းဟာ...
မာနကိုပဲ ကိုးကွယ်တယ်...

ပစ္စုပ္ပန်နဲ့ အနာဂါတ်... ငါမက်တဲ့အိပ်မက်အပိုဒ်တိုင်းမှာ
ခပ်ရိုင်းရိုင်းကောင်ရဲ့ နာမ်စားတစ်လုံးတစ်လေတောင်
ဖြတ်သွားဖြတ်လာ လုပ်ခွင့်မရှိဘူး...
နောက်ပြီး...
သံသရာအဆက်ဆက်...
ငါနဲ့ငါ လက်ဆင့်ကမ်းလို့...
အဲ့ဒီအမုန်းတေးကို (တစိမ့်စိမ့်)အရသာခံပြီး...
ငါ.... ရွတ်ဆိုနေဦးမယ်...


P.S (ဟိုတစ်နေ့က နေတိုးနဲ့ အိန္ဒြကျော်ဇင်ရဲ့ မုန်းတယ် ဆိုတဲ့ ဇာတ်လမ်းလေး ကြည့်ရင်း စိတ်ကူးပေါက်လာလို့ ရေးတဲ့ကဗျာပါ... ဇာတ်လမ်းကို အဆုံးထိမကြည့်ရလို့ ဘာဆက်ဖြစ်တယ် မသိပါဘူး... ဒါက စိမ်း စိတ်ကူးယဉ်ထားတာ သက်သက်ပါ... )

21 comments:

သံလွင် HeRo September 28, 2009 8:24 AM  

ကျိမ်စာတိုက်နေတာကိုး

yangonthar September 28, 2009 8:27 AM  

အင်း အတ္တမာနတွေ ..... လောကမှာ ချစ်သူ တွေအကြား ယှဉ်ပြိုင်နေခြင်းထက် အချစ်နဲ့  ညှိယူ ဖို့ အကြောင်းလေးတွေ ဖန်စေ့ချင်တယ် ..... တစ်ယောက်ယောက် တော့လျော့ရမယ် ထင်တယ် .... ပိုချစ်တဲ့သူ ဒါမှ မဟုတ် မာန နည်း တဲ့သူ ဒါမှ မဟုတ် အချစ်နဲ့ မာနကို သတ် ပြီးတဲ့သူ ... တွေးထင်မိတာတွေ ရေးသွားတယ် မစိမ်းရေ .... ကဗျာလေးက သိပ်ကောင်းတယ် .... ဒါနဲ့ ကျိန်စာက “န်” သတ်ထင်တယ်နော် .... စိတ်မရှိပါနဲ့ သူငယ်ချင်းရေ ...
ခင်တဲ့
ရန်ကုန်သား :)))

သံလွင် HeRo September 28, 2009 8:29 AM  

သောကြာနေ့တိုင်းမသေပါနဲ့
Friday nite ဘယ်လောက်ပျော်ဖို့ကောင်းသ
လဲဗျာ...
သံပုရာသီးနာနာညှစ်ထားတဲ့ ဦးနှောက်ဆာရှီးမီ
အသစ်ပေါ်လာတာမသိလိုက်ပါလားနော် ငှဲငှဲ
ခေါစာပြစ်ထားတာဆိုတော့ သူရဲတွေတော့ပွပီ
လဂွန်းအိမ်နဲ့ကြက်ဖခွပ်ရင် မာနမင်းသမီးကြီး
အစိမ်းတော် ပဲနိုင်မှာပါ...ကျိန်းသေတယ်...
သြော်...ဘယ်လောက်တောင်မုန်းနေလဲမသိဝူး
...စိတ်လျှော့ကွဲ. စိတ်လျှော့...

kiki September 28, 2009 8:53 AM  

ဟိုက် သောကြာနေ့ ဆို ပလီတက်ကြတဲ့သူတွေ ကို စောင်းပြောတာလား ။ နာရီကို ဇောက်ထိုး ပတ်ပါ ။

friday night လေးတွေ မှာ ကလပ်သွားရင်း .. ကရင်း နဲ့  ခြေထောက်တက်အနင်းခံရဖူးတယ် ထင်ပ ...

ဦးနှောက် စိမ်း ၊ ရေခဲစိမ် ။သံပုရာညှစ် ၊ ငြုပ်သီးစပ်စပ် ။
wasami များများ နဲ့ ..သုတ်စားပါ ..
တို့စားပါ..ဦးနှောက်အားကောင်းမယ် ...
လေဖြတ်တာ ကာကွယ်ပေးတယ် တဲ့ ..

ဟင့် မုန်းတယ် မုန်းတယ် ..မစိမ်းကားကြီးကို မုန်းတယ် .. ( ဒါပေမဲ့ မစိမ်းကားကြီးဆိုပြတဲ့  အမုန်းတေးလေး ကြားချင်ပါတယ် .. ဗီဒအို ဖိုင် လေး နဲ့ တွဲ တင်ပေးပါ )

နေညှိ September 28, 2009 8:56 AM  

ကဗျာလေးက လန်းးးတယ် ...


အမ ရေးတဲ့ ကဗျာ တွေဖတ်တိုင်းး

သိမ်ငယ်မိတယ် ..ဗျာာ . .

ဝက်ဝံလေး September 28, 2009 9:00 AM  

ဟိုက်ရော ရုပ်ရှင်ကားကြည့်ပြီးတော့တောင် အိုင်ဒီယာထွက်တာ ကဗျာလိုထွက်တယ်လား အမငီးး တော်ထှာ ငါ့လိုပဲ ဟိဟိ နာက ကဗျာမစပ်တတ်လို့ရွဲ့ပြောတာ ဟားဟားးးးးးးးးးးးး ဘိုင် တာ့တာ စိမ်းလေးရေ ခိခိ

maylay September 28, 2009 9:07 AM  

ကျွတ် ကဗျာက လွှတ်ကောင်းနေတယ်။ အမငီး ကျိန်စာတဲ့ နာ့ကို မတိုက်နဲ့နော်။ နှလုံးသားက အစားခံစားတာ ပြောင်မြောက်လိုက်တာ။နော်။ တော်တယ်။

အနော် September 28, 2009 9:09 AM  

စိမ်းရေ ကဗျာလေးက လန်းလိုက်တာ
ပစ္စုပ္ပန်နဲ့ အနာဂါတ်... ငါမက်တဲ့အိပ်မက်အပိုဒ်တိုင်းမှာ
ခပ်ရိုင်းရိုင်းကောင်ရဲ့ နာမ်စားတစ်လုံးတစ်လေတောင်
ဖြတ်သွားဖြတ်လာ လုပ်ခွင့်မရှိဘူး...
နောက်ပြီး...
သံသရာအဆက်ဆက်...
ငါနဲ့ငါ လက်ဆင့်ကမ်းလို့...
အဲ့ဒီအမုန်းတေးကို (တစိမ့်စိမ့်)အရသာခံပြီး...
ငါ.... ရွတ်ဆိုနေဦးမယ်...
နောက်ဆုံးအပိုဒ်လေး အသေအလဲကြိုက်တယ်
စကားမစပ် စီဘောက်မရှိတော့ဘူး ???

မချစ်ရ September 28, 2009 10:47 AM  

စိမ်းရေ..
အမုန်းအစားအရှုံးသာပေးလိုက်တော့
အရှုံးပေးနှလုံးအေးတဲ့ဆေးလေ
:P

မင်းနေဝေး September 28, 2009 7:47 PM  

စိတ်ကူးယဉ်တယ်ဆိုတော့ :?
စဉ်းစားစရာပဲနော် ....
ဒါပေမယ့် ကဗျာလေးကောင်း ....
ကျွန်တော်ကတော့ မရေးတတ်ဘူးအဲ့လို
သင်ပေးမလား ... :)

chanye` September 28, 2009 9:54 PM  

ချစ်လည်းမချစ်နဲ့..မုန်းလည်းမမုန်းနဲ့..
ဘာခံစားချက်မှမရှိတာမှ နင်နိုင်မယ်။ အသဲကွဲသူချင်း အရက်သောက်ပြီး ဖက်ငိုကြရအောင်...(အရက်သောက်ရန်အကြောင်းရှာခြင်းဖြစ်)

လင်းဒီပ September 28, 2009 10:05 PM  

ကဗျာက အရမ်းတွေ ကြမ်းနေပါလား..:P

em0doLL September 28, 2009 11:07 PM  

ကဗျာလေးက အရမ်းကောင်းတယ်နော်.. အခုမှ ဒီblog လေး ကိုဖတ်ဖူးတာပါ နောက်လဲ လာလည်ဦးမယ်... (း
ကဗျာမှာသုံးထားတဲ့စာသားလေးတွေ အရမ်းကြိုက်တယ်..
"နင့်အတ္တနဲ့ငါ့မာန စီးချင်းထိုးတဲ့ပွဲမှာ
နှလုံးသားတော့ ရင်းရဲရမယ်..."
"ပစ္စုပ္ပန်နဲ့ အနာဂါတ်... ငါမက်တဲ့အိပ်မက်အပိုဒ်တိုင်းမှာ
ခပ်ရိုင်းရိုင်းကောင်ရဲ့ နာမ်စားတစ်လုံးတစ်လေတောင်
ဖြတ်သွားဖြတ်လာ လုပ်ခွင့်မရှိဘူး... "
အဲဒီ စာသားတွေ အရမ်းကောင်းတယ်...

မဉ္ဇူ ^-^

Minthant2009 September 29, 2009 10:37 AM  

အဟီး....
"နင့်အတ္တနဲ့ငါ့မာန စီးချင်းထိုးတဲ့ပွဲမှာ
နှလုံးသားတော့ ရင်းရဲရမယ်..."
"ပစ္စုပ္ပန်နဲ့ အနာဂါတ်... ငါမက်တဲ့အိပ်မက်အပိုဒ်တိုင်းမှာ
ခပ်ရိုင်းရိုင်းကောင်ရဲ့ နာမ်စားတစ်လုံးတစ်လေတောင်
ဖြတ်သွားဖြတ်လာ လုပ်ခွင့်မရှိဘူး... "

ဒီလိုအသည်းမာချင်လိုက်တာ...........

ကိုလူထွေး September 29, 2009 10:40 AM  

သောကြာနေ့တွေ အများကြီး လာပြီးလက်ဆောင်ပေးပါတယ်...

းဝ)

jr.lwinoo September 29, 2009 9:41 PM  

မိန်းမ၀ါဒီဆန်သတဲ့လား။
စာရေးသူရဲ့ အာဘော်များလား။
ကဗျာလေးကြိုက်တယ် စိမ်း
း)

Angel Shaper September 30, 2009 2:02 AM  

နောက်တစ်ခါ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ များများကြည့်ပေး။ ဒါမှ ကဗျာများများဖတ်ရမယ်။ ဟဲဟဲ
ချစ်သူတွေ ကြားမှာ မလိုအပ်တာ အတ္တမာန နော် မစိမ်း။ သောကြာနေ့တိုင်း မသေပါနဲ့လေ။ ပျော်စရာကောင်းတဲ့ညပါ။ ဟိ

ကောင်းကင်ကို September 30, 2009 8:21 AM  

အတော်မသတီစရာ ကံကြမ္မာကို အော်ဂလီဆန်လာ တယ်ပေါ့။ ကာရန်လေးတွေလည်းလှတယ်။

အိပ်မက်ခြေရာ September 30, 2009 6:03 PM  

အား ဗီဒီယိုကြည့်ရင်းနဲ့ အိုင်ဒီယာ ထွက်သတဲ့လား အဲ့ဒီအိုင်ဒီယာ လန်းတယ်ဗျား))ကဗျာက ကောင်းလို့ မဝေဖန်တတ်တော့ဘူး
ကိုယ်မှ မမှီပဲကိုးဗျ နော့ အဲ့လိုလေး ရေးတတ်ချင်လိုက်တာ

အိမ် October 2, 2009 6:04 AM  

အဲလိုတော့ ကျိမ်စာ မတိုက်ပါနဲ့... ခွင့်လွှတ်ပါနော်... ဟိ
မသိရင်..... ဟဲဟဲ

နှင်းဆီပန်းချစ်တဲ့ကောင်မလေး October 7, 2009 1:20 AM  

တို့ကအတန်ကြီး(ဆင်ရုပ်ဘဲ) ကိုင်တာအေ့

ကဗျာလေးကောင်းတယ် ညီမငယ်