Loading...
.

တရားခံ

ငါ…ရွာပေးခဲ့တာလည်း မုတ်သုန်တစ်ရာသီလုံးပြောင်ပြီ...
ဖူးမယောင် ငုံမယောင်နဲ့
တစ်တောလုံးဝေတော့မလို ဟန်ဆောင်
နောက်ဆုံးတော့လည်း…
အိမ်ပြန်လက်ဆောင်ဆိုလို့ ယပ်တောင်တစ်ချောင်းတောင်မရခဲ့ပါဘူးလေ….

သဲကိုးဖြာတောင် ဆယ်ခါပြန်အောင်ရှုံးလောက်ရဲ့
ပဉ္စလက်သုံးတဲ့ မှော်အပြုံးကြောင့်
ငါ့ပိုင်ဆိုင်သမျှ…
မျှော်လင့်ချက်တွေ အပေါင်ဆုံးတယ်…

ယုံကြည်ရာတွေလည်း အတိုးရော အရင်းရော…
ဗုန်းပေါလအော ပြိုကျပြီးတဲ့နောက်…
``အနိစ္စ´´ဆိုတာကို စာလုံးပေါင်းတတ်ခဲ့ပြီ…
ပြောင်းလဲခြင်းနဲ့ ငါနဲ့ဟာ… တသားတည်းကျလို့
ငါ့သမိုင်းမှာတော့ ပုရိသတွေ ရိုင်းတယ်…

သံသယတွေ ၀ါးလုံးမှာ အထပ်ထပ်သုတ်ပြီး
မမြင်မစမ်းနဲ့ ထင်ရာတွေရမ်းပလိုက်တယ်…
ကျေးဇူးပြုပြီး… လမ်းမပြပါနဲ့…
ဒီအချိန် ငါ့မျက်လုံးတွေ ခဏကန်းပါရစေ…

အဲ့ဒီလိုရှုံးရပြီးကတည်းက …
အခုဆို…
ငါ…….
ပြုံးပြနည်းကိုမသိတော့တာ…
အဲ့ဒီ ငါးခုံးမအထီးတစ်ကောင်ကြောင့်ပေါ့….

25 comments:

နေညှိ September 12, 2009 9:25 AM  

လန်းး တယ် လန်း တယ် ........

အရမ်းကြိုက် မိုက်တယ်တယ်ဗျ

အပဲာ ...... ကျွန်တော် ၁ နော် .........

အနော် September 12, 2009 9:28 AM  

တရားခံအထီးကို သေဒဏ်သာချပစ် စိမ်းရေ
မိုက်တယ်ကွာ
စကားလုံးအစပ်တွေက
စိမ်းရေ ကဗျာတွေက သိပ်လန်းတယ်ကွာ
ဖတ်ရတာ အားရှိလိုက်တာ

kiki September 12, 2009 9:28 AM  

ငခုံးမ အထီး ပြုံးသလိုမျိုးး
ငခူလေး က ပြုံး ပြိး ပြန်သွားတယ် ။။
အပေါင်ဆုံးနေ မစိုးလို့ 
အပြေးလေး သွားရွေးလိုက်အုံးမယ်နော် စိမ်းလေးရေ ..

ဟိဟိ ..သိပ်မလေးပါဘူး ကွယ်
၁၅၀ ကီလိုဂရမ်လောက်ပါဘဲ...
နိုင်တယ် ဟုတ်...

ဂေါက်သီးနဲ့ရှောက်သီး September 12, 2009 9:30 AM  

စိမ်းဆိုတဲ့တိုင်း စကားလုံးစိမ်းတွေနဲ့ကဗျာကို ဖော်ကျူးသွားတာ လန်းချက်ဗျို့..
ဒါနဲ့မျှော်လင့်ချက်တွေဘယ်အပေါင်ဆိုင်မှာများ ဆုံးသွားတာလဲ ပြောပြပါ့လား ကျွန်တော်လည်း သွားရွေးချင်လို့ :P

ကိုလူထွေး September 12, 2009 9:45 AM  

၁။ အိမ်ပြန်လမ်းမှာ ယပ်တောင်လိုချင်ရင် သွားလို့ရတဲ့နေရာတွေရှိတယ်...

၂။ ပုရိသတွေဆိုပြီး ရမ်းမတုပ်စေချင်

၃။ ငါးခုံးထီး လို့ပဲ ခေါ်ရမယ်ထင်တယ်...

၎။ ကဗျာဖွဲ့ပုံ နွဲ့ပုံ တော်တော်ကြိုက်တယ်...

၅။းဝ)

သံလွင် HeRo September 12, 2009 10:39 AM  

မြန်မာစာ လိမ့်ပတ်လည်အောင်
မပြောတတ်တဲ့ကျနော်...
ဒီကဗျာဖတ်ပြီး နဲနဲတော့
နောက်ကျိကျိဖြစ်သွားတယ် (ဂေါင်း)
ပညာပြတာလွန်သွားတော့လည်း
ကောင်းလေစွ...ကောင်းလေစွ
ငါးခုံးထီးတစ်ကောင်ကြောင့်တော့
မမစိမ်း မပုတ်စေနဲ့ပေါ့နော်...ဟီးဟီး

sandar September 12, 2009 11:48 AM  

တစ်ပုဒ်လုံးကို ကိုလည်းကြိုက်တယ် ။ တစ်ကြောင်းချင်းလည်း ကြိုက်တယ်၊ တစ်ပိုဒ်ချင်း ကိုလည်းကြိုက်တယ် ၊ ဖော်ညွန်းပုံကိုလည်းကြိုက်တယ်။ တင်ပြပုံကိုလည်း ကြိုက်တယ်။ ထည့်ထားတဲ့ အင်းအားကိုလည်း ကြိုက်တယ်။ ကဗျာရေးတုံး ၀င်နေတဲ့ မာန်ကိုလည်းကြိုက်တယ်။ အင်း စိမ်းကိုလည်း မယ်မဒီ ကြိုက်သွားပြီး ။

ဧရာဝတီသား September 12, 2009 11:54 AM  

ဟာ ဟ ...ငါခုံးထီး တစ်ကောင်ကြောင့်တော့ ပုရိသ တွေကို သိမ်းကြုံးမတီးပါနဲ့။ :P
သစ္စာရှိတဲ့ သူတွေ အများကြီးပါလို့ ...

အဟဲ ..ကဗျာလေး ကောင်းတယ်။
ခင်မင်လျက်

မယ်ကိုး September 12, 2009 2:29 PM  

စိမ်းလေးရေ..ကဗျာလေးက တကယ်လန်းတယ်။
ဝေါဟာရအသုံးတွေက ရှယ်ပဲ။
အားပေးနေတယ်နော်...

မယ်သံ September 12, 2009 6:52 PM  
This comment has been removed by the author.
စိမ်း... September 12, 2009 6:58 PM  

ကဗျာက ဒီလိုပဲ စိတ်ကူးယဉ်ပြီးရေးထားတာ... ဟား ဟား ပုရိသတွေ ဒေါခွီးသွားတယ်ထင်တယ်... ဆောရီးပါ...

ငါးခုံးမကို အထီးရော အမရော ငါးခုံးမပဲခေါ်ပါတယ်... ငါးပြေမရောပဲ...

yangonthar September 12, 2009 10:46 PM  

“ငါ့သမိုင်းမှာ ပုရိသတွေ ရိုင်းတယ် .... ” အားပါး ဖတ်ရင်းနဲ့  လန့် သွားတယ် စကားလုံးက ပြင်းချက်ကယ် ထိချက်ကယ် .... :)
“ကျေးဇူးပြု ပြီး လမ်းမပြပါနဲ့  ငါ့မျက်လုံးတွေ ခဏ ကန်းပါရစေ ....” ဝေခွဲ မရအခိုက် ဝေ သွားစေမယ့်စကားမျိုးတွေ မကြားချင်ဘူးပေါ့
“ငါးခုံးမ အထီးတစ်ကောင် ......” ထပ်တူ ပြု ပုံလေး တအားမိတယ် ဗျို့ 
မစိမ်းရေ စာသားတွေက ထိရှနုရွလှပလှပါရဲ့ 
ခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာပါစေ :)

သားကြီး September 12, 2009 11:52 PM  

ငခုံးမအထီးပါ
သနားပါ
ညှာတာပါ
သေဒဏ်တော့ မချပါနဲ့
pls!!!!!!
ငယ်ရွယ်သူမို့မရင့်ကျက်သေးပါ
တခါမှားဖူးတာ ပြင်ပါ့မယ် :P
နောက်မဖြစ်စေရပါဘူး
စိမ်းရက်စက် မစိမ်းပါနဲ့

သားကြီး September 12, 2009 11:53 PM  

အဟီးးးး
ကဗျာကဖတ်လို့ကောင်းတော့
စချင်လို့ စသွားတယ် ချိတ်ချိုးနဲ့ :P

အိုက်ခီလောက် September 13, 2009 9:01 AM  

ဟ ဟ ငါးခုံးမ အခြောက်လည်းရှိဘူးလား
စိတ်မဆိုးဘူး ဘာကြောင့်ဆို
အနော့က ငါးခုံးမအထီးတော့ဟုတ်ဘူးလေ
ငမူးတစ်ယောက်ပဲဟာ :P
ခံစားချက်တွေပြင်းထန်လို့ ထင်တယ်
ပေါက်ထွက်ကုန်တာ စာသားတွေ ညှက်နေရောပဲ
လိုရင် ငါးခုံးမ အထီးနေရာမှာ ငါးခုံးမ အမ လို့ ထည့်ပြီးသုံးမယ် :D

ဝက်ဝံလေး September 13, 2009 2:42 PM  

လန်း လန်း လေးကို ဖတ်သွားတယ် သိလား စိမ်းတိမ်းတိမ်း ရေ အဲ စိမ်းရေ ခိခိ အဲလို ခေါ်တာ စိတ်မဆိုးဘူးဟုတ် ဂျစ်လို့ စ တာ ချိတ်ချိုးရင် ထိပ်ထိုးမှာ ဂျ သိလားးး ဟဟဟဟ

ပြန်မယ် တာ့တာ ဒုန်းးးးးးးးးဒုန်းးးးးးးးး တတိရလို့ လည်လည်လာတယ် ဘာကျွေးမှာတုံး ဝံလေးက ၂၄ နာရီ ဗိုက်ဆာနေတာ သိရဲ့လား လို့ ဟိဟိ

မေလေးညို September 13, 2009 3:41 PM  

ကဗျာက အမိုက်စားပဲ..အရမ်းကြိုက်တယ် စိမ်း။
သူ့ကြောင့်တော့ အပြုံးတွေ မဆုံးစေနဲ့.. အရင်ကထက် ပိုလှအောင်သာ ပြုံးလိုက်စမ်းပါ။

maylay September 14, 2009 2:00 AM  

လှလိုက်တာ ကဗျာလေးက ။ ငါးခုံးမအထီးတစ်ကောင်လို့ပြောထားသားပဲ။ ကျန်သူတွေ သိမ်းကြုံး မပါဘူးလေ နော့ စိမ်း။ ကဗျာလေးကြိုက်လိုက်တာ။ ရေးတာကိုက အားရှိနေတယ်။

စည်သူ September 14, 2009 7:18 AM  

[m;..[m;..[m;..

ဟား.. ဟား.. ဟား..

ကောင်းတယ်..မိုက်တယ်.. ခိုက်တယ်..

ပေါင်မယ်ဆိုရင်တော့...
ဒီကိုမလာနဲ့နော်.. ဆိုင်ကိုသိတယ်..

လမ်းညွှန်ပေးမယ်..း)

မမ ဂရိမ်းရေ...
ဘာပြောမလို့လဲမသိဘူး
မေ့သွားပြီ.. ဟီးဟီ..

ခင်မင်စွာဖြင့်
စည်သူ။

အိပ်မက်ခြေရာ September 14, 2009 7:20 PM  

ငခုံးမအထီးအဲလေ နှစ်မွှာပေါင်းမှ တစ်ဘ၀လိုဖြစ်နေတယ် အဟီး ငခုံးထီးတစ်ကောင် ကြောင့်တော့ ပုရိသတစ်လှေလုံး ပုပ်ကုန်တော့မှာပဲ ဟိဟိ
ငခုံးထီးပြုံး ပြုံးကြည့်တာမရလို့ ငါးသလဲထိုး ပြုံးလေးပြုံးပြီး ကဗျာကို ဖတ်တော့မှ ( ဝေါင်း) တကယ်ကောင်းဗျာ ကြိုက်တယ်း)) ခံစားချက်တွေ အပီအပြင်ပဲ

မင်းနေဝေး September 14, 2009 7:52 PM  

ပြောင်းလဲခြင်းနဲ့ ငါနဲ့ဟာ… တသားတည်းကျလို့
ငါ့သမိုင်းမှာတော့ ပုရိသတွေ ရိုင်းတယ်…

အဲ့လောက်တောင်ပဲလား ....

အိမ် September 15, 2009 1:51 PM  

ဘယ်နေရာကို မိုးသွားရွာလို့ ပန်းလေးတွေ မပွင့်ရတာတုန်းဗျ ဧကံဏတော့ သဲကန္တာရထဲ သွားရွာမိပြီထင်တယ်...။

အပေါင်ဆုံးတယ် ဆိုတော့ ပြန်မရွေးနိုင်လို့များလား ဒါမှမဟုတ် လကျော်သွားလို့ များလား... ပြန်လိုချင်ရင် သွားပြန်ဝယ်လိုက်လေ ဝယ်လို့ရပါတယ်ဗျ။ အောက်ဈေးနဲ့ ပြန်ဝယ်ပေါ့ မဝယ်တတ်ရင်ပြောနော် ကျနော် လိုက်ပြိး ဈေးဆစ်ပေးမယ်..။

ဟီ.. ကဗျာတွေ ဖျက်လိုဖျက်ဆီး လုပ်တာတော့ မဟုတ်ပါဘူးဗျာ.... ပြောစရာတွေက ခေါင်းထဲပေါ်ပေါ်လာလို့ပါ.. ဟီး...။ ကဗျာလေးတွေ ရေလည်ကောင်းတယ် သိလား.. တကယ်ပြောတာပါ

နှင်းဆီချစ်သူ September 15, 2009 10:59 PM  

ကဗျာလေးလာရောက်ခံစားသွားပါတယ် စိမ်းရေ

Angel Shaper September 19, 2009 3:23 AM  

တရားခံကို သေဒဏ် နှစ် တစ်ရာချလိုက် အမြင်ကတ်တယ်။ ဟိဟိ။

em0doLL September 28, 2009 11:46 PM  

ဟားဟား ဒီငခုံးမအထီးကြီးက တော်တော်လွန်တာပဲ....
း) သြော်... နောက်ဆို မျှော်လင့်ချက်လေးတွေအကုန်မပေါင် လိုက်နဲ့နော်... ဒါမှအပေါင်ဆုံးသွားတောင် မျှော်လင့်ချက်လေး နဲနဲကျန်မှာ....
မမြဲတမ်းပြုံးနိုင်ပါစေ......

မဉ္ဇူ ^-^