Loading...
.

ရေနှူးခြင်း

ခုတလော ကဗျာတွေ မရေးနိုင်သေးပါဘူး... တော်တော်လေးကို မအားမလပ်ဖြစ်နေလို့...
စိတ်နဲ့တို့နဲ့လည်း ညစ်နေတယ်... ကွန်ပူတာကြီးကို ပူအောင်ကိုင်ချိန်မရလို့...
ရှိတာလေးတွေပဲ ရေနှူးပါမယ်... နံသွားရင်တော့ ဆောတီး... :P
နှာခေါင်းလေးဖတ်ပြီး ပိတ်ကြပါ... အဲလေ နှာခေါင်းလေးပိတ်ပြီး ဖတ်ကြပါ...

အရင် အိမ်သာနံရံဆိုတဲ့ဆိုဒ်မှာ လက်ဆော့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ...


...ဗီးနပ်စ်သို့...


မုန်းမင်းမာန်ပျိုး ဘယ်အငြိုးစနက်ကြောင့်
လှည့်စားရက်သလဲ…
ဗီးနပ်စ်ရယ်.....
ငါ့နှလုံးသား အသစ်စက်စက်လေးမှ
ပစ်စလတ်ခတ် ရက်စက်တာ
နင့်ကိုယ်နင်….
အချစ်နတ်သမီးတဲ့လား


နင့်စည်းချက်တွေ စည်းချက်တွေတိုင်းမှာ
လှိုင်းထဲလေထဲ အပြိုင်းပြိုင်းလဲပြို….
ဘ၀လည်း တစစ…
မှောင်…. မဲ ….လို့ …. ညို….

အို….
အသင် နတ်သမီး….
ကြင်နာမှုအစုံကိုဖြန့်ကား…
ဒြပ်မဲ့နေတဲ့လက်များနဲ့
ကျွန်ုပ်အလွမ်းများအားသပ်ချပေးပါလော့…

ဟောဒီက….
မလိမ်မိုး မလိမ္မာ အမိုက်မကို…
အားရအောင်သာ ရိုက်ချလိုက်ပါ…
ရှိုက်မ၀အောင် သင်းထုံမွှေးပျံ့…
ရနံ့ဆန်းတဲ့ ပန်းတစ်ပွင့်
ရော့… အင့် …လို့…
ခြွေပေးတတ်ခဲ့တဲ့ နင့်ဒြပ်မဲ့လက်ဖ၀ါးကို
ငါ….
ငါ….
ဆေးစွဲသလိုပါပဲလား….

အနာနဲ့ဆေး မတည့်သေးသရွေ့တော့….
ဘာလာကျွေးကျွေးခါးမှာပဲ….
အားမနာတမ်း ပြောကြကြေးဆို…
တစ်ခုပဲမေးမယ်…
ငါ့ပန်းလေး ... ဘယ်တော့ပြန်ပေးမလဲ…????

19 comments:

M September 18, 2009 11:49 PM  

ပန်းလာပေးတာ ......
ပြန်ယူတော့မလား .... :D
ရေနှူးခြင်းတော့မလုပ်ပါနဲ့ဗျာ ... အဟဲ ပြောနေကျစကားကို ပြေးမြင်မိလို့ဗျ .. ဟာဟ ...
ကဗျာများများရေးနိုင်ပါစေဗျာ ....

ကိုလူထွေး September 19, 2009 12:35 AM  

ရေအိမ်နံရံမှာဆိုတော့ ရေနှူးရလောက်အောင် ခြောက်နေတာ ဖြစ်နိုင်ပါတယ်... :P

အို...
အသင်နတ်သမီး
သင့်ရဲ့ e သုပ်နေကျလက်များနဲ့
ကျနုပ်အား ရနံ့များ သပ်ချပေးပါလော့...

အဲဒီရနံ့မွှေးကို
ဆေးစွဲသလို စွဲနေမိလို့ပါ...

းဝ)

yangonthar September 19, 2009 12:37 AM  

ကဗျာလေး ကောင်းလိုက်တာ စိတ်ထဲတောင် မှောင်.....မဲ..... လို့ ..... ညို သွားတယ် ....
မုန်းမင်း မာန်ပျိုး ဘယ်အငြိုးစနက်ကြောင့် ကဗျာတွေ ကောင်းအောင်ရေးနေရတာပါလဲ ဖြေပါ ဖြေပါ ..... :)))

WWKM September 19, 2009 12:50 AM  

စိမ်းက ကဗျာကောင်းလေးတွေ ရေးတတ်တယ်နော်.
တော်လိုက်တာ။း)
ကဗျာလေးတွေ လာဖတ်သွားပါတယ် ညီမလေးရေ။

maylay September 19, 2009 2:43 AM  

ဖတ်ဖူးပြီးပြီနော် နာ မကျေနပ်ဘူး သစ်သစ်တင်ပါ။ ကဗျာကကောင်းနေတော့ပြန်ဖတ်သွားရတာပေါ့။

မယ်ကိုး September 19, 2009 3:04 AM  

ညီမလေးရေ ကဗျာလေးကြိုက်လိုက်တာ အဆုံးသတ်လေးအကြိုက်ဆုံး။
နှာခေါင်းပိတ် ဖတ်သွားတယ်နော် =)

Angel Shaper September 19, 2009 3:19 AM  

ပန်းလေး ပြန်လာပေးမပေး လာချောင်းပါတယ်။ ဟိဟိ
ကဗျာလေး ကောင်းချက် ကယ်။

kiki September 19, 2009 5:44 AM  

အလိုလေးးးး
ဗီးနပ်စ်ကြီးက ဘာပန်း ကြီး ယူသွားတာလဲဟင်..
ရင်တုန် ပန်းတုန် ရှိလိုက်တာ ..
ပြန်တောင်းလို့ ရပြီလား ...
ပန်းလေးကို ရေမှန်မှန်လောင်းပေးရဲ့ လား မသိဘူးနော်..
တော်ကြာနေ .. ညှိုးတာတို့  သေတာတို့ ခြောက်တာတို့  ဖြစ်နေမှ ..
လူကြားမကောင်းပါဘူး နော် ..ဟိဟိ...

လိုရင်ပြောနော် .. လာကူပြီး ရေနှူးပေးမယ်...မစိမ်းကားရေ...

cas September 19, 2009 9:11 AM  

ပြန်ဖတ်သွားတယ် ခင်ဗျ .. ..

အမ ပြောသလို နှာခေါင်းလေးးး ပိတ်ပြီးတော့ပေါ့ ..

ဒါ နဲ့ ခံစားချက် အနံ့အသက်ကတော့ ရင်မှာ ရိုက်တယ်.......

မချစ်ရ September 19, 2009 9:11 AM  

ကဗျာလေးလာဖတ်တယ်နော်
စိမ်းရေ........ရေမနှူးနဲ့ဦးနော်
:P

သံလွင် HeRo September 19, 2009 10:01 AM  

ဗီးနပ်စ်ကချစ်အောင်ပဲလုပ်တတ်တယ်တဲ့
နောက်ဆက်တွဲမဆိုင်ပါလို့ပြောနေပြီ...
ဆေးစွဲသလိုပါသလားဆိုတော့
စွဲဖူးလားဟင်... မားလားငါးလား ဘာလဲ
နဲနဲပြောပြလေ...ဗဟုသုတပေါ့...
ကီးမို့စ်တိုက်မယ်...ချိုချိုလေး...
ပန်း.....?
ဘာပန်းလဲ...အော်သိပြီ ခေါင်ရမ်းပန်း :)

အန်တီဒေါ်ဖွားစိမ်း...
ဒီကဗျာလေးကို ရေလည်ခိုက်သွားပြီ...
ကဗျာရေးနည်းသင်ပေးပါ...ဘာလီ တိုက်မယ်...

အိမ် September 19, 2009 3:01 PM  

အပင်ပန်းခံပြီးရေနူးနေရသေးတယ် တွင်းထဲနိုက်လိုက်ရရဲ့သားနဲ့ဗျာ.. ဟိ..

မေလေးညို September 19, 2009 6:24 PM  

စိမ်းရဲ့ပန်းကို ခုချက်ချင်းပြန်ပေးလိုက်ကြနော်..မဟုတ်ရင် နာနဲ့တွေ့မယ်...:P

ဝက်ဝံလေး September 20, 2009 1:48 AM  

စိမ်းတိမ်းတိမ်းရေ စိတ်တော့ မဆိုးနဲ့ကွယ် သိလား ဒီလိုခေါ်လို့လေ
ခင်မင်သူတွေ ဒီလိုခေါ်တယ် ကျွန်မကို မိစိမ်း ဘလော့ဂ်ဂါမင်းသမီး မိစိမ်း ဟဟဟဟဟ ချိတ်ချိုးလား ချိုးနဲ့နော် ကြော်လို့ ဂျစ်လို့ ခင်လို့ စ သွားတယ် သိလား အသက်ကြီးမှန်းလဲ သိပါတယ် ဟိဟိ

ဦးလူထွေး သူများ အိမ်မှာ ဘာတွေ e သုတ်တာလဲ ဟွင်းးးးးး ကိုလူထွေးတော့နာတော့မယ် ဟက်

ပြန်တော့မယ် စိမ်းလေးရေ ဘိုင် တာ့တာ

ဝသန်မိုး September 21, 2009 9:50 PM  

ပန်းလာပြန်ပေးတဲ့အချိန်
ညှိုးပြီးနွမ်းခြောက်သွားရင်
ဘယ်လိုလုပ်မလည်း ဗျ
ကဗျာလေးတွေ ကောင်းတယ်
ဆက်လက်၍ လည်း ရေးနိုင်ပါစေ

ခင်တဲ့
ဝသန်မိုး

စည်သူ September 21, 2009 10:32 PM  

ဟေ့.. ဘာတဲ့..
အဲဒီဗီးနပ်စ်က ဘာလဲဟ
တိဘူး..

ပိန်းတယ်ပဲပြောပြော.
ပြောချင်ရာပြော.. ရှက်ပါဘူး..

အော်... ရေးတတ်လိုက်တာနော်..

chanye` September 22, 2009 2:20 AM  

ရော့အင့်..နင့်ရဲ့ ခွေးသေးပန်း
နင်နဲ့တွေ့မှ ဗီးနပ်စ်လည်း ချီးထွက်တော့မယ်

မဆုမွန် September 22, 2009 8:40 PM  

ကဗျာလေးကို ရေနူးပြီး ဖတ်သွားတယ်

ပြည့်စုံ September 24, 2009 5:44 AM  

ဗီးနပ်စ် .....

မ စိမ်းမှတဆင့်...
ပြောပေးကြပါအုံးဗျာ....

ဘယ်တော့ ပြန်ပေးမလည်းလို့...

ဆုံးရှုံးခြင်းတွေသာ ရရှိနေတယ်လေ....