Loading...
.
Showing posts with label ရေနှူးခြင်း. Show all posts
Showing posts with label ရေနှူးခြင်း. Show all posts

ရေနှူးခြင်း

ခုတလော ကဗျာတွေ မရေးနိုင်သေးပါဘူး... တော်တော်လေးကို မအားမလပ်ဖြစ်နေလို့...
စိတ်နဲ့တို့နဲ့လည်း ညစ်နေတယ်... ကွန်ပူတာကြီးကို ပူအောင်ကိုင်ချိန်မရလို့...
ရှိတာလေးတွေပဲ ရေနှူးပါမယ်... နံသွားရင်တော့ ဆောတီး... :P
နှာခေါင်းလေးဖတ်ပြီး ပိတ်ကြပါ... အဲလေ နှာခေါင်းလေးပိတ်ပြီး ဖတ်ကြပါ...

အရင် အိမ်သာနံရံဆိုတဲ့ဆိုဒ်မှာ လက်ဆော့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ...


...ဗီးနပ်စ်သို့...


မုန်းမင်းမာန်ပျိုး ဘယ်အငြိုးစနက်ကြောင့်
လှည့်စားရက်သလဲ…
ဗီးနပ်စ်ရယ်.....
ငါ့နှလုံးသား အသစ်စက်စက်လေးမှ
ပစ်စလတ်ခတ် ရက်စက်တာ
နင့်ကိုယ်နင်….
အချစ်နတ်သမီးတဲ့လား


နင့်စည်းချက်တွေ စည်းချက်တွေတိုင်းမှာ
လှိုင်းထဲလေထဲ အပြိုင်းပြိုင်းလဲပြို….
ဘ၀လည်း တစစ…
မှောင်…. မဲ ….လို့ …. ညို….

အို….
အသင် နတ်သမီး….
ကြင်နာမှုအစုံကိုဖြန့်ကား…
ဒြပ်မဲ့နေတဲ့လက်များနဲ့
ကျွန်ုပ်အလွမ်းများအားသပ်ချပေးပါလော့…

ဟောဒီက….
မလိမ်မိုး မလိမ္မာ အမိုက်မကို…
အားရအောင်သာ ရိုက်ချလိုက်ပါ…
ရှိုက်မ၀အောင် သင်းထုံမွှေးပျံ့…
ရနံ့ဆန်းတဲ့ ပန်းတစ်ပွင့်
ရော့… အင့် …လို့…
ခြွေပေးတတ်ခဲ့တဲ့ နင့်ဒြပ်မဲ့လက်ဖ၀ါးကို
ငါ….
ငါ….
ဆေးစွဲသလိုပါပဲလား….

အနာနဲ့ဆေး မတည့်သေးသရွေ့တော့….
ဘာလာကျွေးကျွေးခါးမှာပဲ….
အားမနာတမ်း ပြောကြကြေးဆို…
တစ်ခုပဲမေးမယ်…
ငါ့ပန်းလေး ... ဘယ်တော့ပြန်ပေးမလဲ…????