Loading...
.

အိမ်ပြန်မလို့

ပျောက်တယ် ပျောက်တယ် … ပျောက်တာတော့ ဘာပျောက်သလဲ မမေးနဲ့… ပေါ်ကိုမလာတာ… အရင်လို ကိုယ့်ဘာသာပို့စ်လေး မတင်ဖြစ်ရင်တောင် တခြားဘလော့ဂ်တွေလိုက်ဖတ် လိုက်မန့်လုပ်နိုင်သေးတယ်… မလုပ်နိုင်ဆို ပြောရရင် အိမ်ပြန်ဖို့ဗျို့…

သိတဲ့အတိုင်း ၀ယ်ရခြမ်းရတာနဲ့ အားကိုမအားဘူး… အလုပ်သင်ကလည်း စနေနေ့ည ၃ နာရီထိဆင်းရသေးတယ်လေ… အိမ်ရောက်တော့ မနက် ၄ နာရီ… တနင်္ဂနွေနေ့တော့ အိမ်မှာအတူနေတဲ့အစ်မက ဈေးဝယ်တာအဖော်လိုက်ပေးတယ် အိပ်ယာထတာက ၁၁ နာရီ… သူကလည်းပျင်း ကိုယ်ကလည်းပျင်းနဲ့ ညနေ ၃ နာရီကျော်မှ အိမ်ကထွက်ဖြစ်တယ်… ပစ္စည်းပေါပေါလောလောရတဲ့ Bugis မှာသွားကြည့်တာ… လား လား နည်းတဲ့လူတွေမှ မဟုတ်တာ… ကြိတ်ကြိတ်ကိုတိုးနေတာပဲ… မီးပွိုင့်ကနေလမ်းကူးဖို့စောင့်နေတဲ့နေရာမှာတင် ငါးပိသိပ်၊ ငါးချဉ်သိပ်။ စနေ၊တနင်္ဂနွေ အပြင်မထွက်ဖူးတော့ ကိုယ့်အတွက်အထူးအဆန်းဖြစ်နေရော… လူတွေကလည်း များလွန်းတော့ တစ်နေရာတစ်နေရာ သွားရတာ စိတ်သွားတိုင်းကိုယ်မပါဘူး… တစ်လှမ်းတစ်လှမ်းတိုးဖို့ကို မနည်းရွှေ့ရွှေ့နေရတာ… ဒါနဲ့စိတ်ကလည်း နောက်လာရော… တော်ပြီ အစ်မရာ နောက်နေ့မှလာတော့မယ်ဆိုပြီးထွက်လာပြန်ရော…

အဲ့ဒီအစ်မရဲ့သူငယ်ချင်းကောင်မလေးတစ်ယောက်မွေးနေ့ကို East Coast မှာလုပ်ဖို့ ဖိတ်ထားတာရှိတယ်… ကိုယ်နဲ့လည်းမသိပဲနဲ့မလိုက်ချင်ဘူးဆိုတော့ မဖြစ်မနေလိုက်ရမယ်လို့ တစ်ချက်လွှတ်အမိန့်ကြောင့် ယက်ကန် ယက်ကန်နဲ့ပါသွားပြန်ရော…. Bugis ကနေ Eunos ကို MRT စီး… အဲ့ဒီမှာ နောက်သူငယ်ချင်းတစ်ယေက်နဲ့ချိန်းထားလို့ …ပြီးတော့ သုံးယောက်သား အအေးဗူး ၆ ဗူးဝယ်ပြီး East Coast ကို Taxi နဲ့ ချီတက်ကြလေသတည်း… ဟိုရောက်တော့ အအေးဗူးတွေရယ် အိမ်ပြန်လက်ဆောင်အထုတ်တွေရယ် မနိုင်မနင်းသယ်ပြီး ရေခဲအရှာထွက်ကြတယ်… seven eleven မှာ ၀င်ကြည့်တော့ ရေခဲက လေးထောင့်ဗူးလေးနဲ့ မြန်မာငွေနဲ့ဆို ငါးဆယ်ဖိုးလောက်ပဲ ရှိမယ်ထင်တယ်… စလုံး၂ ကျပ်နဲ့ ၇၅ ပြား တဲ့ ဘယ်တတ်နိုင်မလဲ ရှိတာပဲ ၀ယ်ခဲ့ရတာပေါ့… ၂ဗူး ၅ ကျပ်ခွဲ …NTUC မှာဆို အထုတ်အကြီးကြီးတစ်ထုတ်လုံးမှ ဘယ်လောက်မှမရှိဘူး…. အဲ့လိုမနိုင်မနင်းသယ်ပြီးတော့ ရှာတယ် ရှာတယ် barbecue pits 18 .. မတွေ့ဘူး… ရောက်နေတာ 32 တဲ့ … ဖုန်းလား.. ဆက်တယ်လေ… McDonald ကနေ ညာဘက်ကိုပဲ လျှောက်တာပဲ… ကျောက်ဆောင်ကြီးနားမှာ…?? အင်း တွေ့တယ် ကျောက်ဆောင်ကြီး ဒါဆိုရင်တော့ ဟုတ်ပြီ နီးလာပြီထင်တယ်… လျှောက် လျှောက် လျှောက် မဟုတ်သေးဘူး နံပါတ်တွေက ကြီးကြီးလာတယ်… ဖုန်းထပ်ဆက် … သေရော… ကမ်းခြေဘက်ကိုမျက်နှာမူရင် ညာဘက်ကိုလျှောက်ရမှာတဲ့… ကဲ… မထူးတော့ဘူး စက်ဘီးသာ ငှားပြီးသယ်ပေတော့… လူက ၃ ယောက် နှစ်ယောက်ဘီးတစ်စီး တစ်ယောက်ဘီးတစ်စီး… ၁၄ ကျပ်ပေးရတယ်… ၈ နာရီ ပြန်အပ်ရမယ်ဆိုလား…. စက်ဘီးကိုစီးတတ်တဲ့လူက တစ်ယောက်တည်း ကိုယ်ကတော့ ကလေးတွေစီးသလို နောက်မှာ အထိန်းဘီးလေးပါရင် စီးတတ်တယ်… :P:P:P
အတူနေတဲ့ အစ်မကလည်း မစီးတာကြာလို့တဲ့ သိပ်မစီးရဲဘူး ဒါနဲ့ပဲ ကျန်တဲ့တစ်ယောက်စီးပေါ့… အစ်မက နောက်ကလိုက်တယ် နှစ်ယောက်ဘီးနဲ့ ပစ္စည်းတချို့ကျန်ခဲ့တယ် ကိုယ်ကတော့ စက်ဘီးနဲ့ ပစ္စည်းစောင့်ပေါ့… ဗိုက်ကလည်းတော်တော်ဆာနေပြီ… ရေလည်းဆာတယ် အအေးဗူးတွေက ကိုယ့်ဆီမှာ… ဒါပေမယ့် ခွက်နဲ့ ရေခဲမရှိဘူး ရပါတယ် အဆင်ပြေသလိုပေါ့… ဒီတိုင်းမော့ချလိုက်တာပဲ… နောက်လူသောက်ချင်သောက် မသောက်ချင်နေ… ဟီ ဟိ …

ခဏနေတော့ မွေးနေ့ရှင်ဆိုတဲ့ အသားဖြူဖြူကောင်မလေးတစ်ယောက်ရယ် ခုနက စက်ဘီးစီးတတ်တဲ့တစ်ယောက်ရယ် အဲ့ဒီဘီးကြီးနဲ့ ပြန်ရောက်တာတယ် မွေးနေ့ရှင်က ကိုယ့်ကိုတင်နင်းရတာပေါ့ ဟီး … ကျန်တဲ့တစ်ယောက်က တစ်ဘီး … ဒါနဲ့ပဲ နောက်ဆုံးတော့ အောင်မြင်စွာရောက်လာခဲ့လေသည်ပေါ့… ကြာဇံကြော်ပါတယ် ၀က်သားတုတ်ထိုးပါတယ်… အကင်တွေလည်းပါတယ် အသီးအနှံတွေ အအေး ဘီယာ မိန်းကလေးတွေအတွက် ၀ိုင်လည်းပါတယ်… လူကတော့ ဟိုတစ်စု ဒီတစ်စု ရောက်လာတာပဲ တစ်စုနဲ့တစ်စုလည်းမသိဘူး…စားသောက် မိတ်ဆက် နောက်ဆုံးတော့ ဂစ်တာတီးပြီးသီချင်းဆိုမယ်တဲ့… တီးမယ့်လူကလည်း နုတ်စ်တွေအလွတ်မရ.. ဆိုတဲ့လူတွေလည်း စာသားတွေအလွတ်မရ… တော်တော်လေးကို ကောင်းပါတယ်… ပျော်ဖို့.. တကယ်ပြောတာ… ဗြုတ်စဗြင်းတောင်းတွေချည်းပဲ… လူလတ်ပိုင်းလောက်ရှိတဲ့ အန်တီကြီးက စိုင်းထီးဆိုင်တို့ ကိုင်ဇာသီချင်းတို့ မတီးတတ်လို့ ဂစ်တာတီးတဲ့ကောင်လေးကို ညိုညင်သေးတယ်… ဂစ်တာသမားရတာက လေးဖြူ အငဲ မျိုးကြီး သီချင်းတွေ … ဆိုမယ့်လူတွေက ၀ိုင်ဝိုင်း၊ အာဇာနည်၊ ကိုင်ဇာ တဲ့ ဒါတောင် ချစ်ဦးမောင့်ထံပြန်လာပါ ဆိုချင်တဲ့လူက ရှိသေးတယ်… မွေးနေ့ရှင်ကောင်မလေးကိုယ်တိုင် ဂစ်တာတီးပြီးဆိုပြတဲ့ အကြီးတစ်လုံး အသေးတစ်လုံးဆိုတဲ့ သီချင်းကိုတော့ အဲ့ဒီ့နေ့ကမှ ကြားဖူးတယ်…. ခဏတဖြုတ်နေပြီး ၁၀ နာရီထိုးတော့ ပြန်ခဲ့ကြတယ်… ဓါတ်ပုံတွေရိုက်ခဲ့ပါတယ်… သူတို့ခွင့်ပြုချက်လည်းမတောင်းခဲ့ဘူး နောက် ကိုယ်ဘလော့ဂ်ရေးတာလည်း သူတို့မသိဘူးလေ… မတင်တော့ဘူး…

နောက်ရက်လည်း ဒီလိုပဲ… ၀ယ်ရခြမ်းရ… အလုပ်သင်က supervisor ရယ် floor captain ရယ် နောက် part-timer တစ်ယောက်ရယ် သူတို့နဲ့ကတော်တော်လေး ရင်းနှီးနေတော့ မပြန်ခင် ပင်နီဆူလာမှာ ထမင်းဖိတ်ကျွေးတာ… ဘယ်ဆိုင်မှာစားချင်လဲရွေးဆိုတော့ ၀င်သွားပါတယ် တည့်တည့်ကြီး … မြေအောက်ထပ်က ကိုယ်တောင်တစ်ခါမှ ရှေ့ကဖြတ်မလျှောက်ရဲတဲ့ နာမည် ၂ လုံးနဲ့ ဈေးကြီးကြီးဆိုင်ထဲကို … menu ထဲက Price list ကိုကြည့်ပြီး ကိုယ်နည်းနည်းလန့်သွားတယ် … ကံကောင်းလို့ ညနေကမှ ကုမ္ပဏီမှာ လခကို ချက်လက်မှတ်နဲ့ သွားထုတ်ပြီး ဘဏ်မှာလဲထားတာ… ပုစွန်မကျည်းချဉ်စပ်၊ ကြက်သားဟင်း၊ မှိုကန်စွန်း၊ ဗူးသီးကြော်သုပ် စတော်ဘယ်ရီသီးဖျော်ရည် ၂ ခွက်၊ သံပုရာရည် ၂ ခွက်။ ထမင်းနဲ့ ဟင်းသုံးမျိုးကုန်တော့မှ ဟင်းရည်နဲ့ ကြက်သားဟင်းကို ၃ ခေါက်မြောက်မှာပြီးရောက်လာပါတယ်… ဒါတောင် မီးဖိုထဲဝင်ဆွဲလာလို့ ရတာဆိုပဲ အောင်မလေး ကံထူးပေလို့ပေါ့ နို့မဟုတ်ရင် မနက်ဖြန် မနက်မှ ရမလားပဲ…. စင်ကာပူ ဘုံပိုင်ကလာတဲ့ရေတော့ အလကားရတယ် … ရောက်ရောက်ချင်းရေခွက်လေးတွေအရင်ချပေးတယ်… ကုန်သွားရင်လည်း လိုက်ဖြည့်ပေးတယ်… ဒါတော့ မဆိုးပါဘူး ဟုတ်တယ်လေ စလုံးမှာ တစ်ခါမှ ရေအလကားမသောက်ရဖူးဘူး ဒါပထမဆုံးပဲ… စားသောက်ပြီးတော့ စူပါဗိုက်ဇာက ပိုက်ဆံရှင်းဖို့ကောင်တာကိုထသွားတော့ ကိုယ်ကလည်း အပြေးလိုက်ပြီး အတင်းပေးရတာပေါ့ cashier အစ်ကိုကြီးကို… အစ်ကိုမယူနဲ့ ညီမရှင်းမယ်လို့ ဗမာလိုပြော supervisor ကလည်း သူ့ဆီကယူပါလို့ အင်္ဂလိပ်လိုပြော… အဲ့ဒီ့အစ်ကိုကြီးက ပြန်ပြောပါတယ် ဗမာလိုပဲ ကိုယ့်ကိုတော့မကြည့်ဘူး ကိုယ့်စူပါဗိုက်ဇာကိုကြည့်ပြီး အားရပါးရ ပြုံးပြောတယ်… ညီမကလည်း သူပေးမယ်တဲ့ သူ့ဆီကပဲ ယူလိုက်မယ် .. တဲ့.. ကိုယ့်မှာ ရယ်ချင်စိတ်ကိုမနည်းကြီးအောင့်ထားရတယ်… ဒါနဲ့ အဲ့ဒါပြီးတော့ ကိုယ်လုပ်ခဲ့တဲ့ဆိုင်ကိုပြန်သွား… clarke quay မှာလေ နီးနီးလေးပဲ လမ်းလျှောက်သွားတာပေါ့ … Nectarie တဲ့ ဆိုင်နာမည်က … dessert တွေချည်းရောင်းတာ … ဈေးတော့ကြီးတယ်… ဟိုရောက်တော့ ကျန်တဲ့နောက်စူပါဗိုက်ဇာတစ်ယောက်ရှိသေးတယ်… သူက ကိုယ်တို့အတွက် chocolate fondue တစ်အိုးလုပ်ပေးတယ် … တစ်ခါအဲ့ဒီကနေ ဓါတ်ပုံတွေဘာတွေရိုက်ပြုပြီးပြန်တော့ ဘေးက yello Jello ၀င်.. သူက retro bar တဲ့ ရိုးရိုး bar နဲ့ဘာကွာလဲတော့ကိုယ်လည်းမသိဘူး.. ကုမ္ပဏီတူတူပဲလေ ဆိုင်ခွဲတွေဖွင့်ထားတာဆိုတော့ supervisor က သူ့ staff card နဲ့ Discount ရတယ်ဆိုပြီး beer တစ်ဂျားမှာတယ် သူတို့သုံးယောက်စာပေါ့ ကိုယ့်အတွက် Mango Mocktail တစ်ခွက် … bar ဆိုတော့ Non-alcoholic က ဒါပဲ ရှိတယ်… အဲ့ဒီမှာထိုင်စကားပြောပြီး အိမ်ကို သူတို့ပဲ ကားငှားပြီးလိုက်ပို့ပေးတယ် ကိုယ်ကကျွေးမယ်ပြောပြီးသာ ဖိတ်လိုက်တယ် အကုန်သူတို့ချည်းရှင်းသွားကြတာချည်းပါပဲ…. မျက်နှာတောင်ပူတယ်… ကိုယ်ကတော့ floor cap နဲ့ supervisor အတွက် Vivo ကနေ သူတို့နာမည်လေးတွေကို ph key chain လေးတွေလုပ်သွားပေးတယ်… အံမယ် ဒါလေးက ဘာမှသာမဟုတ်တာ…၃၀ ကျော် ရှင်းလိုက်ရတယ်.. ကြည့်တော့ သေးသေးလေး မလောက်လေး မလောက်စားနဲ့… ဈေးကတော့ အလာသား… ဘန်ကောက်မှာတော့ ဈေးသက်သာတယ်ပြောတယ်…

ဒီနေ့လည်းထပ်ရောက်တယ်လေ အဲ့ဒီ bugis ပဲ.. ၀ယ်စရာလေနည်းနည်းပါးပါးကျန်သေးလို့… အိတ်လိုချင်လို့လိုက်ရှာတာ ကြိုက်တာကိုမတွေ့ပါဘူး… လူကလည်းကြိုက်တတ်တယ် … အိတ်ကလေးလှလိုက်တာလို့ ကြည့်လိုက်ရင် 369.90 တို့ 349.90 တို့ချည်းပဲ … တန်ရာ တန်ရာ မှန်းမှပေါ့ ဟုတ်ပါ့… နောက် ၃ နှစ်နေလို့ ၀ယ်နိုင်ရင် ကံကောင်း .. ခက်တာက စိတ်ပဲ… မျက်စိထဲလှပါတယ်လို့ ဈေးကြည့်လိုက်ရင် အဲ့လို … သိပ်အကောင်းမကြိုက်တတ်ရှာဘူး… ရှာတယ် ၃၀ အောက်… မတွေ့ဘူး… BHG ကုန်တယ်… Bugis street ကုန်တယ် မတွေ့ဘူး မတွေ့တော့လည်း မ၀ယ်ဘူးပေါ့… လက်ဆောင်ပေးဖို့ အတွက်ပဲ 3 for 10 မှာ တွေ့တာတွေ ကောက်ဆွဲလာတယ် … ဘတ်ဂျတ်ကအခြေအနေသိပ်မကောင်းတော့ စာရင်းထဲမပါတာဆိုလုံးဝမ၀ယ်ပါဘူးလို့တားနေတဲ့ကြားက Maybelline က discount ချတယ်… ကုန်တာပေါ့ ဘာပြောကောင်းမလဲ… ဟိုလောက်ဖိုးပြည့်ရင် ဒါလေး လက်ဆောင်ရမယ် ဘာရမယ် ညာရမယ်… ကုန်ပြန်ပြီပေါ့ …ရတော့ရတယ် လက်ဆောင် မှန်ကလေးရယ်၊ ဖုန်းကီးချိန်းရယ်၊ ပါးနီတစ်ဗူးရယ်၊ ပိုက်ဆံအိတ်တစ်လုံးရယ် မဆိုးပါဘူး လက်ဆောင်တွေရတယ်ဆိုတော့ ပျော်တာပေါ့… ကိုယ့်အထုတ်အပိုးတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ လမ်းလျှေက်ရတာ အဆင်မပြေပါဘူးဆိုနေမှ ရှေ့ကနေလာပိတ်ရပ်တယ် ကောင်မလေးတစ်ယောက် မျက်ကပ်မှန်တပ်ထားတာလား အခု ဒီမှာဒစ်စကောင့်တွေချနေပါတယ် ဘယ်နှခုဝယ်ရင် ဘယ်လောက် ဘာတွေ လက်ဆောင်ပေးတယ် ဘာတွေ ညာတွေ သူများ အလေးကြီးသယ်ထားရတာမှ အားမနာလျှာမကျိုး သူပြောချင်တာချည်းလွှတ်ပြောနေတာ… ဟင့်အင်း မျက်ကပ်မှန် မတပ်ပါဘူး နောက်တော့မှ လာကြည့်တော့မယ်ပြောပြီး မရမက အတင်းထုတ်ဆီးတိုးသလို တိုးထွက်လာရတယ်… ကျောင်းကိုလည်း ပါ့စ်ပြန်အပ်ရသေးတယ်လေ cancellation လုပ်ဖို့… ၆နာရီလောက်တော့ အိမ်ပြန်ရောက်တယ်… ဒီနေ့တော့ မဖြစ်မနေ ပို့စ်တင်ပြီး အကြောင်းကြားမှဖြစ်တော့မယ်ဆိုတော့ အထုတ်အပိုးကမန်းကတန်းပြင်ပြီးတာနဲ့ တန်းရေးရတာပဲ လုပ်စရာတွေကလည်း ရှိသေးတယ်လေ…

ဒါကတော့ အခုတလော စိမ်း ပျောက်နေရခြင်းအကြောင်းအရင်းများရှင်းတမ်းပဲဖြစ်ပါတယ်... ဓါတ်ပုံတွေလည်း မတင်နိုင်၊ စာလုံးပေါင်းရော အရေးအသားရော မစစ်ခဲ့နိုင်ပါဘူး အမှားပါလျှင် ကိုယ့်သာသာ ပြင်ဆင်ဖတ်ရှုကြပါကုန်… :P



မနက်ဖြန်မနက်လေယာဉ် … ၂ ပါတ်ကြာပါမယ်… ရန်ကုန်ကနေတော့ ပို့စ်မတင်ဖြစ်ပါဘူး ရသမျှအချိန်တွေ အိမ်မှာပဲနေနိုင်အောင်ကြိုးစားမှာပါ…

ပြန်လာမှ တွေ့ကြမယ်… ရန်မဖြစ်ရဘူးနော် လိမ်လိမ်မာမာနေခဲ့ကြ... ကြားလား... ဟီး... :P
တာ့တာ …

23 comments:

kiki November 3, 2009 8:18 AM  

အိမ်ပြန်လက်ဆောင်တွေ အပင်ပန်းခံ ဝယ်နေရသေး ။ over weight ကြေး နဲ့  မကာမိ ဖြစ်နေဦးမယ် ။။
အဟေးဟေး ။ အလေးခံ သယ်မနေနဲ့ ဗျိုး....
ဟိုမှာလည်း အစိရှုံ .. အဲ.. .. အစုံရှိစ် .

ပြန်လာရင် ငပိ ။ လက်ဖက် ။ ဝယ်သာခဲ့ . အဟဲ့ဟဲ့..
မြန် မြန် ပျံလာ အူး ... နှော် ...း))))

အနော် November 3, 2009 8:54 AM  

ခန အလည်ပြန်တာလား စိမ်းရေ
နှစ်ပတ်ကြာမယ်ဆို စားချင်တာ မှန်သမျှ အတိုးချပီး စားခဲ့နော်
ပီးတော့ ပရီးမီးယားအစိမ်းထုပ်လေးလဲ အဝသောက်ခဲ့ သိလား အနော့်ဆီတော့ ကုန်တွားဘီ :(
ပျော်ရွှင်ပါစေ စိမ်းရေ
ရန်ကုန်ပြန်ခရီလေး သာယာပါစေ မီးမှန်မှန်လာတဲ့ရက်တွေနဲ့ချည်း တိုးပါစေ

ဝက်ဝံလေး November 3, 2009 9:20 AM  

စားချင်တာမှန်သမျှ အကုန်စားခဲ့နော် သိလား လွမ်းနေမယ်နော် ဟီးးးး(ချွဲထားမှ)

စည်သူ November 3, 2009 9:33 AM  

အင်း..

နှုတ်ဆက်လိုက်တာမှ လွန်ရော..
ဒီက ပြန်ချင်နေပါတယ်ဆိုမှ..

ပြန်လာရင် မုန့်ဝယ်လာနော်..
ဒါဗြဲ...း)

ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ
ခင်မင်စွာဖြင့်
စည်သူ။

ကိုလူထွေး November 3, 2009 10:15 AM  

ပြန်လာရင် မုန့်တွေဝယ်ခဲ့ပါ...

းဝ)

ဧရာဝတီသား November 3, 2009 10:55 AM  

ခရီးလမ်းပန်း အဆင်ပြေပါစေဗျို့ ..
ကောင်းကောင်း နားခဲ့ပေါ့ဗျာ။

ပျော်ရွှင်ပါစေ ...

မြစ်ကျိုးအင်း November 3, 2009 12:47 PM  

ဖတ်တဲ့သူလည်း အထုတ်တွေ သယ်ရသလိုပဲ မောသွားတယ်။ ငွေရှင်းကောင်တာက မျိုးချစ်မြန်မာနဲ့ တွေ့ခန်း သဘောကျတယ်။

ပြန်လာရင်တော့ မုန့်ဝယ်ခဲ့နော်

Nge Naing November 3, 2009 5:04 PM  

စိမ်းရေ
ဖတ်ရတာ တကယ်ပဲ အသက်တောင် ရှူမအားသလိုပဲ မောလိုက်တာ။ ဒါကြောင့် ပျောက်နေတာကိုး။ မြန်မာပြည်ကို ဘယ် Air Line နဲ့ ပြန်မှာလဲ။ မြန်မာ Air Line ဆိုရင်တော့ လေယာဉ်ပေါ် မတက်ခင် သဗ္ဗုဒ္ဓေ ဒါမှမဟုတ် ဒါရဏပရိတ်တွေ ရွတ်သွားနော့်။ လမ်းခရီး အသွားအပြန်မှာ ဘေး၊ ရန် အနှောင့်အယှက် ကင်းပါစေလို့ ဆုတောင်းပေးနေပါတယ်။

တလနွန် November 3, 2009 5:22 PM  

Have A Safe Trip.

နွေးနေခြည် November 3, 2009 5:22 PM  

ပြန်လာရင် မုန့်ဝယ်ခဲ့နော်

သံလွင် HeRo November 3, 2009 6:06 PM  

စိမ်းတိမ်းရေ....
အိမ်မပြန်ခင်လမ်းလည်းများပါ့ဗျာ(ဟီး....)
ပြန်လာရင်မုံရွာက ရှင်မတောင်၂တောင့်၊
ရန်ကင်းဂွတ်တလစ်က ၁၅လက်မကျောက်ပြင်
ကတစ်ချပ်၊ ငပိကတစ်ဘူး၊ ဝယ်လာခဲ့ပေးပါနော့
အခုတလော ကျနော်လည်းအရမ်းအရမ်းကြီး
ကိုအလုပ်များနေလို့(ပိုက်ဆံမရသောအလုပ်)
လိုက်ပို့ချင်ပါလျက်နဲ့ ချန်ဂီကိုလိုက်မပို့ပါတော့
ဘူးကွယ်....ရန်ကုန်အင်မီဂရေးရှင်းကထွက်ပြီး
ရင်အိမ်ကိုတန်းပြန်နိုင်ပါစေ....စိတ်ချမယ်
ဒါဗြဲ....တာ့တာ့ HV a NICE TRIP :)

မချစ်ရ November 4, 2009 12:02 AM  

အိမ်ပြန်သွားတာလား
ဘယ်များရောက်သွားသလည်းလို့
စာမလာသတင်းမကြားနဲ့
ပြန်လာရင်လည်းသတင်းကြားဦးနော်
ပျော်ရွှင်ပါစေ စိမ်းရေ

chanye` November 4, 2009 1:52 AM  

ငစိမ်းမ.. ပြန်လာရင် ငါ့ mp3 charger ယူလာဖို့မမေ့နဲ့နော်။ လက်မှတ်အားပေးတာ ကျေးဇူး ဟီးဟီး

လင်းဒီပ November 4, 2009 2:49 AM  

့have a nice trip....သူ့စာဖတ်လိုက်ရတာ မောသွားတာပဲ ဝူး..။

jr.လွင်ဦး November 4, 2009 3:41 AM  

စိမ်းရေ..
ပျောက်နေတယ်ဆိုပြီး လာပြောတာ။
သူက အိမ်ကို ပြန်ပြီး ပျော်နေတာကိုး။
ကောင်းကောင်းပျော်ခဲ့ ညီမလေး။း)

moemoestar November 5, 2009 12:17 AM  

ရန်ကုန်ပြန်မယ်ဆိုပြီးကြွားတယ်ပေါ့လေ
မနာလိုဘူးနော်...

littlebrook November 6, 2009 11:30 PM  

အော် ငါ့အမပျောက်နေလို့ လာကြည့်တာ သူကပြည်တော်ဝင် သီချင်းလေးဆိုပီး ပြန်လာပီကိုး :P

နွေးနွေးသဲမွန် November 8, 2009 8:04 PM  

ဝက်တားဒုတ်ထိုး ပိုချားခဲ့နော်...တိလား...ဟင့် :-'(

Angel Shaper November 16, 2009 1:36 AM  

ချစ်မမစိမ်းရေ...စောင့်နေနော်။
နက်ဖြန်ပြန်လာမယ်။ တွေ့ ကြမယ်ဟေ့။

yangonthar December 13, 2009 10:43 AM  

မစိမ်းရေ အိမ်ကပြန်ရောက်ပြီလားဗျို့  ကျနော်လည်း ပျောက်နေတာနဲ့  မစိမ်းပြန် သွားတာတောင် မသိလိုက်ဘူး ... အိမ်ပြန် ခရီးမှာ ပျော်ရွှင်ချမ်းမြေ့ပါစေ မိသားစုနဲ့ အတူ သာယာ အေးမြပါစေဗျာ အိမ်ကပြန်လာရင်တော့ ကဗျာလှလှ တွေရေး ဖို့ မမေ့နဲ့ နောဗျ ....
ခင်တဲ့
ရန်ကုန်သား :)

အိမ် December 14, 2009 11:19 AM  

အံမာ...... လိမ်လိမ်မာမာနေတဲ့ စိတ်ချ မမစိမ်းသာ သတိထား.. ပြောလိုက်ရ မကောင်းရှိရော့မယ် နေဦး ပြန်ရောက်တော့မှပြောမယ် အခုပြောရင် ပြန်လာလို့ တခုခုဖြစ်ရင် ကိုယ့်ခေါင်းပေါ်အပြစ်တွေ ပုံကျမှာစိုးလို့ မပြောသေးဘူး။

littlebrook April 6, 2010 1:20 AM  

အင်း ပြန်သွားတာ ပြန်ကိုပြန်မလာတော့ဘူးထင်ပါ့ ..
အမစိမ်း စိမ်းသွားပြီလား ဘလော့ဂ်ကို :)

အိမ် May 21, 2010 1:32 PM  

ဝတ်သမျှအစိမ်း၊ ဆင်သမျှစိမ်း၊ ပန်သမျှစိမ်း ၊ အစိမ်းရောင်ဆိုမှကြိုက်တယ်ဆိုတဲ့ အစိမ်းရောင် မင်းသမီးရေ .... ဘလော့ဂါတွေကို စိမ်းကားသွားပြီလား .. သစ်စိမ်းချိုး ချိုးပြီး စိမ်းကားမသွားပါနဲ့ဗျာ ..ဟီ