Loading...
.

တောင်းဆိုမှု



မာယာတွေဆိုတာ သိပါတယ်…
အခါခါကြုံခဲ့ပြီးမှတော့
ဘာပဲလာလာ……
နာလည်း မနာတတ်တော့ပါဘူး…

ရောင့်ရဲတတ်သူကိုလေ…
ဝတ်ကျေတမ်းကျေလောက်ပဲချစ်ပါ…
အပြုံးတစ်ပွင့်နဲ့လည်း
အမုန်းတွေလွင့်သွားရတာပဲ….

အဆုံးကို ခွင့်မပြုချင်တာလေးတစ်ခုနဲ့…
အရှုံးတွေလည်း ငွားငွားစွင့်စွင့်ကိုပွင့်ကြရဲ့…..
နင့်လေသင့်ရာကို ယိမ်း…လို့….
သိမ်းဖို့လည်း မလိုသလို
စိမ်းတော့လည်း မစိမ်းနဲ့ပေါ့….

ကိန်းဂဏန်းတွေနဲ့ အကျွမ်းမ၀င်သူကို…
တိမ်းတမ်း ရှောင်တမ်း ကစားမနေပါနဲ့တော့
နင်ငြိမ်းမှ သေမယ့် မီးအတွက်
ဒီခရီးလေးတော့ ….
ပြီးအောင်လျှောက်ပေးလှည့်ပါလား ချစ်သူ… 

P.S : ကဗျာမရေးဘူးလားလို့ လာလာမေးနေတဲ့ အနော့်ကို အားနာလို့ တင်ရခြင်းဖြစ်ပါတယ်...

12 comments:

kiki October 26, 2009 10:22 PM  

ကိန်းဂဏန်းတွေနဲ့ အကျွမ်းမ၀င်သူဆို ရင်
ကယ်စရာ ကယ်လ်ကူလေ့တာ လေးသာ ရှာပြီး တွက်ပါလေ....
အတွက်မှားလို့ ရတက်ပွား မနေစေချင် ပါ ။

တီတီတာတာ ကဗျာတွေ လင်္ကာတွေ ဖွဲ့ ပြီး၊ စိမ်းတော့လည်း မစိမ်းနဲ့ပေါ့….မမစိမ်းရေ ။
အစိမ်းရွက်ကြီးကြီး များမျုားသာ ကြိုးစားရှာ ဖွေပါလို့ 
ပြည်မြန်မာ မှာ ဘူဇွာ လုပ်ပါမဲ့ အကြောင်း
မောင်းခတ်ကြေငြာ ပေးပါ့မယ် ..
ဟေးဟေး ...
စတာ ။ နောက်တာ ၊ ဝါသနာ မို့ 
ကပျာကယာ နဲ့  စလိုက်တယ် ...
ပြန်ပါအုံးမယ် .. ပြန်အုံးမယ် ကွဲ့  ...

အနော် October 26, 2009 10:33 PM  

ကျေးဇူးပါ စိမ်းရေ
ကဗျာကောင်းလေး လာဖတ်သွားတယ်နော်
ရောင့်ရဲတတ်သူကိုလေ…
ဝတ်ကျေတမ်းကျေလောက်ပဲချစ်ပါ…
အပြုံးတစ်ပွင့်နဲ့လည်း
အမုန်းတွေလွင့်သွားရတာပဲ….
ဘုရားရေ ဒီလိုအတွေးမျိုး စိမ်းရေ ဘာကြောင့်တူညီနေရတာလဲဟာ
အနော်တောင်းဆိုလို့ ရေးပေးတဲ့ သူငယ်ချင်းလေး စိမ်းကို ကျေးဇူး ကျေးဇူး အများကြီးကျေးဇူးနော်
ဆုံရင် ကော်ဖီတိုက်မယ် :))))

yangonthar October 27, 2009 3:17 AM  

အားနာနာ နဲ့ ဖတ်သွားပါတယ် Loser တစ်ယောက် ဖြစ်တဲ့အခါ တောင်းဆိုခွင့် တစ်ခု ရရင် ဖြေသိမ့်ဖို့ အားဖြစ်မလားပဲ ..... အဲဒီမီးက ငြှိမ်းလို့ ကော သေပါ့မလားရယ် မသိပါဘူးလေ
ကဗျာလှလှ စာလှလှတွေ
ခင်တဲ့
ရန်ကုန်သား:)

စည်သူ October 27, 2009 3:20 AM  

ဘာပြောပြော ကဗျာဆိုတာက ဖတ်လို့ကောင်းတယ်(တိုလို့..းP)

ဒါနဲ့ စကားမစပ် ဟိုတစ်ခုက ဘယ်လိုဖတ်တုန်းက ငဝါး..ငဝါး အဲလိုလား..

ပါးစပ်တွေ ရွဲ့ပြီး နှာခေါင်းတွေလည်း ပိတ်ကုန်တယ်
ငွားငွား..ငဝါး..ငဝါး..အဲလိုလား..ဟီးဟီး

ခင်မင်စွာဖြင့်
စည်သူ

မြစ်ကျိုးအင်း October 27, 2009 5:52 AM  

ကဗျာလေးက နားလည်လွယ်တော့ ဖတ်ရတာကောင်းသလို စာသားလေးတွေကလည်း လန်းတယ်...။

တောင်းဆိုလို့ရေးပေးတာဆိုတော့ ၀တ္ထုတိုလေး တပုဒ်လောက်တော့ တောင်းဆိုရင် ကောင်းမလား....

အမရာ October 27, 2009 6:14 AM  

စိမ်းရေ..ထိထိမိမိစာသား
လေးတွေနဲ့ကဗျာလေးကကြွကြွရွရွ....

သိင်္ဂါကျော် October 27, 2009 6:50 AM  

ကဗျာလေး ဖတ်လို့ကောင်းတယ်... :)

မချစ်ရ October 27, 2009 6:59 AM  

ကဗျာထဲကလိုပဲ..
စိမ်းတော့လည်းမစိမ်းပါနဲ့နော်
မမ..စိမ်းရယ်.. :P

jr.လွင်ဦး October 28, 2009 9:40 AM  

အပြုံးတပွင့်နဲ့ အမုန်းလွင့်တယ်တဲ့လား။
ချစ်တဲ့လူတွေအတွက်တော့ ဒါမျိုးတွေကြီးပါပဲနော်။

myetwann October 30, 2009 9:01 PM  

ဖတ်ဖူးသလိုပဲ ...
:PP

littlebrook November 6, 2009 11:34 PM  

အဆုံးကို ခွင့်မပြုချင်တာလေးတစ်ခုနဲ့ ...
အရှုံးတွေလည်း ငွားငွားစွင့်စွင့်ကို ပွင့်ကြရဲ့..
... ... ...
သြော် .. မြင်တတ်လေတယ်

tha November 21, 2009 7:36 AM  

ကဗျာလေးကကောင်းလိုက်တာ