Loading...
.

A to Z

Alarm မြည်သံကြောင့် ကိုယ်နိုးနိုးချင်းသတိထားမိတာက…အစာအိမ်ပြဿနာ … ဒါနဲ့ပဲ ခပ်မြန်မြန်ပဲ မျက်နှာသစ် သွားတိုက်ခြင်းကိစ္စတွေလုပ်လိုက်တယ်… ပြီးတော့ Breakfast အတွက် Coffee mix တစ်ထုပ်ကို Dawn နို့ဆီလေး နည်းနည်းထည့်ပြီးဖျော်လိုက်တယ်… Early morning မှာ ဒီလိုကော်ဖီပူပူလေးတစ်ခွက်က ကိုယ့်ကို တစ်နေ့တာလုံးအတွက် Fresh ဖြစ်စေတယ်လေ… ကော်ဖီတစ်ခွက်နဲ့ ဧည့်ခန်းမှာထိုင်ပြီး Gurdian သတင်းစာကို ဆွဲယူဖတ်နေလိုက်တယ်… Heading တွေကြည့်ရတာတော့ သိပ် Interesting ဖြစ်စရာမတွေ့ဘူး… Jargon တွေကိုလည်း ကိုယ်ကသိပ်နားမလည်ဘူးလေ… သတင်းစာဖတ်ပြီးတာနဲ့ တစ်ခါ Kitchen ထဲသွားပြီး Lunch အတွက်ပြင်ဆင်ရပြန်သေးတယ်… ဟင်းချက်နည်းတွေသိပ်များများစားစားမသိတဲ့ကိုယ့်အတွက် ရွေးချယ်စရာသိပ်မရှိလှဘူး… ကိုယ့်စိတ် Menuကိုယ်လှမ်းဖတ်ပြီး ဘာချက်ရမလဲစဉ်းစား… အစကတော့ ကိုယ်ချက်တာကိုယ်လုံးဝစားလို့မရပေမယ့် အခုတော့ ကိုယ့်လက်ရာက Normal လောက်တော့ ဖြစ်လာပြီပြောလို့ရမယ်ထင်တယ်… ရေခဲသေတ္တာထဲကို ရှာဖွေရေးလုပ်လိုက်တယ်… Oops ဘာမှလည်း မကျန်ပါလား… တော်သေးတာပေါ့ တစ်နပ်စာလောက် ကပ်သပ်ကျန်နေတဲ့ Pork ကိုပဲ Quickly ချက်ဖြစ်တယ်…. Rice လည်းတည်ရသေးတာပေါ့… ညနေတော့ Supermarket သွားရမယ်ထင်တယ် မီးဖိုချောင်အတွက်လိုတာတွေသွားဝယ်ဦးမှပါ… Train စီးရမှာပျင်းတော့ Usuallyဆိုရင် လက်ဆောင်တွေဘာတွေရတဲ့ Voucher တွေဘာတွေမပေးလဲ နီးနီးနားနား အိမ်နားက Wet market ပဲ သွားဖြစ်တယ်... အလုပ်နဲ့အိမ် ၊အိမ်နဲ့အလုပ်… မအားလိုက်နဲ့ အားတာနဲ့ အိမ်ထဲမှာပဲ ကုပ်နေတဲ့ကိုယ့်ကို အတူနေတဲ့အစ်မတွေက Xenophobia ဖြစ်နေတယ်လို့တောင်ပြောကြသေးတယ်…  

Yahooooooo …. ဟေ ဟေ့ ပြီးခါနီးပြီကွ … ဦးနှောက်စားအောင်လုပ်တဲ့ သံလွင်ဟီးရိုး … ညကလည်း ကောင်းကောင်းမအိပ်ရပါဘူးဆိုမှ… တော်ပြီ… အလုပ်မသွားခင် တစ်ရေးလောက်ပြန်နှပ်လိုက်ဦးမယ်… ZzzZzZz ……. :D

19 comments:

ရုံလေး October 24, 2009 12:02 AM  

ဟဟား
မိုက်တယ်
အိုင်ဒီယာတွေ ကလည်းနော်
အမြဲလန်းနေတာပဲ

အနော် October 24, 2009 12:12 AM  

ဝေးးးးးးးး တဂ်ပို့စ်လားကွ
မိုက်တယ် စိမ်းရေ
တစ်နေ့တာ လှုပ်ရှားမှုလေးတွေကို မြင်နေရတယ် :)

Nge Naing October 24, 2009 12:16 AM  

စိမ်းရေ ဒီလောက်တောင်ပဲ ဝေါဟာရ ကြွယ်ရတယ်နော့်။ မချီးကျူးပဲ မနေနိုင်ဘူး ဘာသာစကားမှာ သိပ်ကို Creative ကောင်းပုံရတယ်။

Waing October 24, 2009 1:23 AM  

ကောင်းလိုက်တာ စိမ်းရေ တစ်နေ့တာအကြောင်းလေးပေါ့ ခိုက်သွားပြီကွား)

moemoestar October 24, 2009 1:48 AM  

A to Z တဲ့ ရေးတတ်လိုက်တာနော်...

kiki October 24, 2009 3:31 AM  

စိမ်းဆိုတဲ့ စိမ်း .. အိုင်ဒီယာတွေလည်း အမြဲစိမ်းလန်းနေတာပါလား ။ မိုက်တယ် ။ မိုက်တယ် ။
အကျိုးအကြောင်း အချိတ် အဆက်က မိနေတာ ပဲ ဟေ့ ...

"က ကြီး မှ အ " အထိ လည်း ဆက်လုပ်ပါအုံး ။ ဟိဟိ ။
အချွန် ရော အဆူး ရော အတက် ရော .. အားလုံး နဲ့ ပင့်ပေးလိုက်တယ် လို့ တော့ မထင်စေချင်ပါ ..

အမရာ October 24, 2009 4:39 AM  

အိုးမိုင်ဂေါ့....
တော်လိုက်တဲ့ A to Z ရေးနည်း...

ဝက်ဝံလေး October 24, 2009 7:06 AM  

စိမ်းရယ် အလန်းလေးပါလား နော် ဟိဟိ မိုက်တယ် ရွေ
ဟီးရိုးအင်း ဘယ်မှာတုံး မလာသေးဘူးလား ဟဲ့ ငါတောင် ဘယ်လိုရေးရမယ်မှန်းမသိဘူး စိတ်ချ နိုင်ဝင်ဘာ ၃၁ အပြီးရေးပေးမယ်နော် (နိုဝင်ဘာမှာ ၃၁ မရှိတာ သိကောသိပါ့မလား မသိဘူး ဟိဟိ)

လင်းဒီပ October 24, 2009 8:37 AM  

ဖတ်လို့ကောင်းတယ်...
ရှာရှာဖွေဖွေ တဂ်ကြပေ၏...
လူငယ်တွေ အတွေးအရေး လန်း၏..
ဘကြီးတို့ ဖတ်ရင်း လန်း၏...

သံလွင် HeRo October 24, 2009 8:48 AM  

အခုမှအိမ်ပြန်ရောက်ရောက်ချင်း
အပြေးလာကြည့်တယ်ဗျို့
စိမ်းတိမ်းကြီး...သိုင်းခကျူးဗျ.
ရေးထားတာလေးတော်တော်ကောင်းတယ်။
တော်လိုက်တဲ့အစ်မကြီးကွာ...အားရင်ကကြီးမှ
အထိလေးလည်းရေးပြပါအုံးလေး)
ဝက်ကြီးအခုလာပါပြီ ရက်သုံးဆယ်မှာစက်တင်
ဘာ.ဧပြီ.ဂျွန်နဲ့နိုဝင်ဘာ... သြော်ဟုတ်သားပဲ
မရဘူး....မြန်မြန်ရေးပေးပါ...ဖတ်ချင်လှပါပြီ

ကိုလူထွေး October 24, 2009 9:57 AM  

တစ် နေ့တာလုပ်ငန်းတွေကို အ နှစ်သာရ ပြည့်ဝစွာ စီရီပြီး သုံး နှုန်းထားလိုက်တဲ့ စကားလုံးတွေကလည်း လေး စားစရာ... ငါး ခေါက်လောက် ပြန်ပြန်ပြီး ဖတ်နေမိတယ်...

းဝ)

အိုင်လွယ်ပန် October 24, 2009 2:39 PM  

Alarm မြည်သံကြောင့် နိုးနိုးခြင်းသတိထားမိတာကတော့
........................................................
............... TO .....................
................................................................
အလုပ်မသွားခင် တစ်ရေးလောက် ပြန်နှပ်လိုက်ရဦးမယ်
ဆိုတာပါပဲ ...
Zzzzzzzzzzzzzzzz :)

ကောင်းသောနေ့ပါဗျာ :D

မြစ်ကျိုးအင်း October 24, 2009 9:19 PM  

တဂ် ပို့ရေးတာ တော်တယ်ကွာ

တခါတည်း တဂ် သွားမယ်

Z to A ကို ရေးပေးနော်....။

အဟမ်းး အဟမ်းး ပညာစမ်းတာဟုတ်ဘူး အိုင်ဒီယာ အလန်းလေး မြည်းချင်တာ။

အိမ် October 25, 2009 1:53 AM  

ဟာ..ဟ တယ်ဟုတ်ပါလား... အတော်တော့ စဉ်းစားလိုက်ရမယ်နော်... အဟေးဟေး..။

စည်သူ October 26, 2009 8:58 PM  

ကဲ...

ဘာမှမပြာချင်ဘူး..
အတွေးအခေါ်လေးတွ ကောင်းတယ်ဟ
ဒီလိုမှပေါ့..

ဟေ့.. စာရေးကောင်းတာ ကွန်မန့်နဲ့ မဆိုင်ဘူးဟ
ကွန်မန့်များတိုင်း စာမကောင်းဘူး..
ကွန်မန့်နည်းတိုင်း စာမညံ့ဘူး...

စာဖတ်သူရင်ထဲ တစ်ခုခု ကျန်ခဲ့အောင် ရေးနိုင်တာ စာရေးကောင်းတယ်ဟ..

သဘောကျတယ်..
များများရေး..

ဖတ်ပြီး မြူးကြွသွားတယ်..

ခင်မင်စွာဖြင့်
စည်သူ။

peter kyaw October 26, 2009 11:16 PM  

ဘလော့ ဂ်စပေါ့ ကြီးကိုဖန်တီးပေးတဲ့ သူကိုကျေးဇူး
အထူးတင်တယ်...
အခုလိုအတွေးကောင်း အရေးကောင်း တဲ့ သူတွေရဲ့ 
စာတွေဖတ်ရလို့ လေ....
အဲဒါကိုမှ သုံးလို့ မရ ၊ ဖတ်လို့ မရအောင် ပိတ်ပင်သူ
တွေကိုတော့ .....
နောက်ဘ၀ တွေမှာ ၀ဋ်မလည်ပါစေနဲ့ လို့ ဆုတောင်း
ပေးပါတယ်...( သေချာပါတယ်...ကိုယ့် ဆုတောင်းမပြည့် 
ဘူးဆိုတာ...)

ပို့ စ်တွေမှာလာရောက်ကွန်မန့် ပေးတဲ့ အတွက်ကျေး
ဇူးပါ...

ဖိုးဂျယ် October 27, 2009 5:00 AM  

အိုးးးး အရမ်း မိုက်တယ်ဗျာ
တော်တယ်ဗျာ မမစိမ်းကး)

ကောင်လေးငယ် October 27, 2009 5:44 AM  

ရောင့်ရဲတတ်သူကို ၀တ်ကျေတမ်းကျေလောက်ပဲ
ချစ်ပါဆိုတဲ့ စာသားလေးကတော့ ထိတယ်ဗျာ...

mama November 20, 2009 12:30 PM  

အရမ်းရေးတတ်တာဘဲ

နောက်ပြီး
လူများတွေ ပြောသလို
မိုက်တယ်..တော်တယ်..
ကောင်းတယ်..
ကိုလူထွေး ပြောတာ
ဆက်ပြောရရင်
ဖတ်နေရင်
ခြောက် ကပ်ကပ်ကြီး
မဖြစ်နေတာတော. အရမ်းသေချာတယ်...
မမ