Loading...
.

အဖြေ

အချစ်ကိုစစ်မစစ်သိဖို့ ဓါတ်ခွဲခန်းတစ်ခုမလိုပါဘူး
ဓါတုမလေးရယ်…
သံသယတွေကိုသာ ရေဆေးချလိုက်ပါ…
ရင်ဘတ်ဟောင်းလောင်းကြီးဖွင့်လို့….
နံရိုးပျောက်ရှာနေတဲ့ ရထားတစင်းတွေ့လိမ့်မယ်…

အီကွေးရှင်းလေး ဘယ်ညာညီဖို့အရေး
ဖြုတ်ထုတ်ရှင်းနဲ့ အတင်းလိုက်လိုက်ညှိတတ်သူရေ…
ငါသာဆိုရင်တော့ အရာရာကို ရင်ဘတ်နဲ့ကြည့်မိမှာပဲ…

ရေဟာ H တွေ O တွေရဲ့ အရောအနှောဆိုရင်
အချစ်မှာကျတော့ရော ???
အ၀ိဇ္ဇာ နဲ့ တဏှာ ပေါပေါလောလော… တဲ့
လှောင်ပြုံးလေးနဲ့ ခပ်သောသောရယ်မောလို့…

ပညာခန်းတွေပြစရာမလိုပါဘူးကွယ်…
ခေါင်းတစ်ချက်သာယမ်းလှည့်…
ကိုယ့်ဇလီဖားတုံးကိုယ်ထမ်းလို့ လာရာလမ်းကို မြန်းမယ့်ကောင်ပါ…
နောင်ဆိုတာ ယောင်လို့တောင် မရှိစေရဘူး စိတ်ချ…

ငါ့မှာသာ တန်ခိုးရှိရင်လေ …
မောင်လှမျိုးနဲ့ နင့်ကိုပေးတွေ့မှာပဲ…
သူပြောတဲ့ အချစ်ကို ဓါတ်ခွဲပြီးတဲ့နောက်…
ပါဝင်ပစ္စည်းစာရင်းနဲ့တကွ
ညှီနံ့ကင်းတဲ့ ငါ့ချဉ်ခြင်းတပ်မှုကို
နင်…
ကြိုက်သလိုသာ ခေါင်းစဉ်တပ်လိုက်ပါတော့ကွာ…

21 comments:

ကိုလူထွေး September 15, 2009 at 2:37 AM  

"ရေဟာ H တွေ O တွေရဲ့ အရောအနှောဆိုရင်
အချစ်မှာကျတော့ရော ???
အ၀ိဇ္ဇာ နဲ့ တဏှာ ပေါပေါလောလော… တဲ့
လှောင်ပြုံးလေးနဲ့ ခပ်သောသောရယ်မောလို့…"

ဒီနေရာအရောက်မှာ ပေါပေါလောလော ပြုံမိတယ်...

(ဇလီဖားတုံး ထမ်းပြပါ...)

းဝ)

ကိုလူထွေး September 15, 2009 at 2:38 AM  

ပြုံးမိတယ် ရေးတာ...

းဝ)

ဝက်ဝံလေး September 15, 2009 at 3:21 AM  

အယ် ဓာတုဗေဒ အထူးပြုလား ဟင် ဟိဟိ စ တာ ဖတ်သွားတယ် သိလား စိမ်းတိမ်းတိမ်းးးး ဟက် ကာရံနဘေနဲ့ ခေါ်သွားတာနော် သိရား ဟိဟိ ဂျစ်လို့ စ တာ ချိတ်ချိုးနဲ့ အို... ရေးးးးး အို ရေးးး ချိုးလဲ တတ်နိုင်ဘူး ခိခိ

ဂမယ် ဦးလူထွေး(ခါးထောက်ကာ လက်ညိုးငေါက်ငေါက် ထိုး၍) ဘာဖြစ်လို့ သူများ အိမ်မှာ ၁ လာယူတာလဲ လာ ခဲ့ ဘလော့ဂ်ဂါ ကောင်စီရုံးမှာ လက်မှတ်လာထိုး ဒါဗြဲ ဟိဟိ

အိုးးးး ဟိုးးးး ဟိုးးး စိမ်းရေ ပြန်ပါတော့မယ် သိလား ဘိုင်တာ့တာ

yangonthar September 15, 2009 at 3:41 AM  

“အဝိဇ္ဇာ တဏှာပေါပေါလောလော” ဒီအစပ် အဟပ်လေး သဘောကျတယ် သိပ္ပံပညာ အီကွေးရှင်းတွေ နဲ့ တိုင်းလို့ မရတဲ့ နေရာမှာ အချစ်ဟာ ထိပ်ဆုံးက ဖြစ်မယ် ... အဖြေက အမြဲတမ်း ပြောင်းလဲနေလို့ လေ ...
ကဗျာလေး ကောင်းချက်
အေးမြသာယာရှိပါစေ
ရန်ကုန်သား :))))

chanye` September 15, 2009 at 3:52 AM  

အရေးအသားကလန်းတယ်..
နားမလည်တာတခုပဲ :P
မခံစားတတ်ဘူးလို့ မပြောနဲ့နော်..ဟီး
ငါက ရိုးရိုးလေးတွေပဲခံစားချင်တာ..ခစ်ခစ် အဟက်ဟက်..
အဟွတ်ဟွတ် (အောင်မလေး ရယ်ရတာချောင်းတောင်ဆိုးတယ်)

kiki September 15, 2009 at 4:25 AM  

သံသယတွေကိုသာ ရေဆေးချလိုက်ပါ…
ရင်ဘတ်ဟောင်းလောင်းကြီးဖွင့်လို့….
နံရိုးပျောက်ရှာနေတဲ့ ရထားတစင်းတွေ့လိမ့်မယ်.....

အယ်......ရင်ဘတ်ဟောင်းလောင်းကြီး ...
ကြည့်ရဲဘူး ....

ရထား ထဲမှာလည်း နံရိုးတွေ ထဲ့ထားတာလား ...
ဘယ်ဈေးမှာ သွားရောင်းမလို့ လဲ .. နေပီဒေါ်က အကောင်တွေ ကျွေး မလို့ လား....ပြီးရင်တော့ ဇလီဖားတုံးကိုယ့်ဟာကိုယ်ထမ်းပြန်ရမဲ့ကိန်းး
စဉ်းစားလိုက်ဦးမယ် ..
ဒီခရီး ကို လိုက်သင့် မလိုက်သင့်

ခင်လို့ မင်လို့  စသွား နောက်သွားပါတယ် ..
အတွေး၊ အရေး တွေ လန်းတယ် ..
chemistry နဲ့ ပြီးခဲ့ တာလား လို့ ..ဟိဟိ
( မေးပရစေဦး ... မောင်လှမျိုး နဲ့ က တန်ခိုးရှိတဲ့သူတွေမှ တွေ့ ရတာလား ဟင်... )

Anonymous September 15, 2009 at 7:31 AM  

စိမ်းရေ ကဗျာက နော် ကောင်းနေရော။ ပေါပေါလောလော က အဲဒါပဲလား။ အင်း ရင်ဘတ်တွေထဲမှာ ဒဏ်ရာမရှိဘဲ နံရိုးထည့်ထားတာကိုး။ နာတော့ ကိုယ့်ဇလီဖာတုံးကိုယ်ထမ်းပြန်တတ်စပြုနေပြီ။ မောင်လှမျိုးက ချင်းချောင်းခြံမှာလေ။ သွားပေးတွေ့လိုက်။ သူက တန်ခိုးရှိသကိုး။ ဒါဆို နာနဲ့တွေ့ဖူးတယ်ခနခနဆိုတော့ နာလည်း တန်ခိုးရှိတယ်ထင်တယ်။ (တွေ့တာ စာအုပ်ထဲမှာ) ခင်လို့ စ သွားတယ် သယ်ရင်းစိမ်း ကျန်းမာပျော်ရွှင်ပါစေ ။ maylay

နေညှိ September 15, 2009 at 8:12 AM  

(အီကွေးရှင်းလေး ဘယ်ညာညီဖို့အရေး
ဖြုတ်ထုတ်ရှင်းနဲ့ အတင်းလိုက်လိုက်ညှိတတ်သူရေ…
ငါသာဆိုရင်တော့ အရာရာကို ရင်ဘတ်နဲ့ကြည့်မိမှာပဲ… )



ဒီအပိုဒ်လေးးကြိုက်မိတယ် ...

ကျွန်တော်လည်းး ရင်ဘက်နဲ့ကြည့်ရတာ သိပ်ဝါသနာပါတယ် ....

:)

ဂေါက်သီးနဲ့ရှောက်သီး September 15, 2009 at 8:29 AM  

ကဗျာအရေးသားကတော့လန်ထွက်နေတာဘဲ..အပိုဒ်တိုင်းမိုက်တယ်

သံလွင် HeRo September 15, 2009 at 8:33 AM  

ခေါင်းကုတ်သွားပါသည်။
ဒါနဲ့အဖြေက ဘာလဲတဲ့ ?
မောင်လှမျိုး နဲ့ပေးတွေ.ရင်တော့
ကွဲမှာ သေချာသွားပြီ...

မင်းနေဝေး September 15, 2009 at 9:51 AM  

ခံစားချက်လေးကောင်းတယ် ....

အဲ့ပျောက်နေတဲ့ နံရိုးနဲ့ မောင်လှမျိုးကို ပေးတွေ့တော့ရော အဖြေထွက်ပါ့မလား ...

Anonymous September 15, 2009 at 1:25 PM  

အချစ်စစ်မစစ် ဓာတ်ခွဲခန်းတော့ မလိုဘူး လက်ထပ်ကြည့်မှသိမှာ...။

ရင်ဘတ်နဲပကြည့်ရုံနဲ့ အထြွေက်မလာဘူး ဆိုတာ တနေ့သိလိမ့်မယ်။

ရေနဲ့ အချစ်ဘာကွာလဲဆိုတော့... ရေကသောက်လို့ ရတယ် အချစ်က သောက်လို့ မရဘူး။

ဇလီဖားတုန်းက ဘယ်ကပါလာတာလဲဟင်... ကိုယ့်ဒုက္ခကိုယ် အတော်ရှာတဲ့သူပဲနော်.. ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် မလာဘူး။

မောင်လှမျိုးက ဘယ်သူလဲဟင်... ဓာတ်ခွဲခန်းက လူလား... ဒါမှမဟုတ် အချစ်ဒဿန ဆရာကြီးလား... မသိလို့မေးတာပါနော်.... ဟီဟီ

အိုင်လွယ်ပန် September 15, 2009 at 3:38 PM  

ဓါတ်ခွဲခန်းထဲရောက်လာပါတယ် ..
ကောင်းသောနေ့ပါဗျာ :)

chanye` September 15, 2009 at 9:26 PM  

ဘတ်ဂျီတေးရီးယန်းမေတ္တာလို့ အဖြေတတ်ရင်ကောင်းမယ် :P

မီမို September 16, 2009 at 3:38 AM  

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ

ရေဟာ H တွေ O တွေရဲ့ အရောအနှောဆိုရင်
အချစ်မှာကျတော့ရော ???

စိတ်ကူးလေးကောင်းပါ၏ ........။

မယ့်ကိုး September 16, 2009 at 6:11 AM  

ညီမလေးရေ...

ကဗျာလေးတွေ ကောင်းလိုက်တာ။
နောက်ဆို အသစ်တင်တိုင်းဖတ်ရအောင် လင့်ခလိုက်တော့မယ်နော်။

ချစ်ခင်စွာ...

မယ့်ကိုး September 16, 2009 at 6:12 AM  

ညီမလေးရေ...

ကဗျာလေးတွေ ကောင်းလိုက်တာ။
နောက်ဆို အသစ်တင်တိုင်းဖတ်ရအောင် လင့်ခလိုက်တော့မယ်နော်။

ချစ်ခင်စွာ...

အနော် September 16, 2009 at 10:39 AM  

ဇလီဖားတုံးကိုတောင် ထမ်းနိုင်တယ်ဆိုတော့ တော်တော် အားရှိမယ့်သူပဲ ထင်ရဲ့ ဟိဟိ
မဖြစ်ဘူး မဖြစ်ဘူး စိမ်းရေ
အခုနေများ ဇလီဖားတုံးကြီး ထမ်းပီး ပြန်ရင် အိမ်တောင် မရောက်ခင် ဟိဟိ
တွေးတောမိတာလေးတွေပါနော်
ကဗျာအစပ်လေးတွေ တကယ်ကောင်းတယ်
ကဗျာရေးကောင်းတဲ့သူမှန်း သိသာစေတဲ့လက်ပေါ့
ဖတ်ရတာ အရသာရှိတယ် စိမ်းရေ

သားကြီး September 17, 2009 at 12:31 AM  

စကားလုံးတွေရွေးချယ်သုံးနှုန်းထားတာ
သိပ်လှတယ်
အသံမှန် နေရာမှန်ပဲ
ကဗျာစာအုပ်သာထုတ်လိုက်ပါတော့ဗျိုးးး
ပြီးရင်သားကြီးကိုတစ်အုပ်လက်ဆောင်ပေး ဟဲဟဲ

စည်သူ September 17, 2009 at 1:23 AM  

ရေဟာ H တွေ O တွေရဲ့ အရောအနှောဆိုရင်
အချစ်မှာကျတော့ရော ???
အ၀ိဇ္ဇာ နဲ့ တဏှာ ပေါပေါလောလော… တဲ့
လှောင်ပြုံးလေးနဲ့ ခပ်သောသောရယ်မောလို့…

ကောင်းတယ်ဗျာ.. မမ ဂရိမ်းရေ..
ရေးဖွဲ့ပုံကို သဘောကျတယ်ဟ..

ရေးလည်းရေတတတ်ပါပေတယ်..

Angel Shaper September 19, 2009 at 3:18 AM  

မမစိမ်း တော်လိုက်တာ။