Loading...
.

ဗီးနပ်စ်..သို့...

မုန်းမင်းမာန်ပျိုး ဘယ်အငြိုးစနက်ကြောင့်
လှည့်စားရက်သလဲ…
ဗီးနပ်စ်ရယ်.....
ငါ့နှလုံးသား အသစ်စက်စက်လေးမှ
ပစ်စလတ်ခတ် ရက်စက်တာ
နင့်ကိုယ်နင်….
အချစ်နတ်သမီးတဲ့လား


နင့်စည်းချက်တွေ စည်းချက်တွေတိုင်းမှာ
လှိုင်းထဲလေထဲ အပြိုင်းပြိုင်းလဲပြို….
ဘ၀လည်း တစစ…
မှောင်…. မဲ ….လို့ …. ညို….

အို….
အသင် နတ်သမီး….
ကြင်နာမှုအစုံကိုဖြန့်ကား…
ဒြပ်မဲ့နေတဲ့လက်များနဲ့
ကျွန်ုပ်အလွမ်းများအားသပ်ချပေးပါလော့…

ဟောဒီက….
မလိမ်မိုး မလိမ္မာ အမိုက်မကို…
အားရအောင်သာ ရိုက်ချလိုက်ပါ…
ရှိုက်မ၀အောင် သင်းထုံမွှေးပျံ့…
ရနံ့ဆန်းတဲ့ ပန်းတစ်ပွင့်
ရော့… အင့် …လို့…
ခြွေပေးတတ်ခဲ့တဲ့ နင့်ဒြပ်မဲ့လက်ဖ၀ါးကို
ငါ….
ငါ….
ဆေးစွဲသလိုပါပဲလား….

အနာနဲ့ဆေး မတည့်သေးသရွေ့တော့….
ဘာလာကျွေးကျွေးခါးမှာပဲ….
အားမနာတမ်း ပြောကြကြေးဆို…
တစ်ခုပဲမေးမယ်…
ငါ့ပန်းလေး ... ဘယ်တော့ပြန်ပေးမလဲ…????

3 comments:

Anonymous September 1, 2009 at 5:13 AM  

ပန်းကလေးက အပြီးယူသွားတာဆိုတော့ ပြန်တောင်းမနေပါနဲ့တော့.. ။
ဟီး... ကဗျာလေးကောင်းတယ်ဗျာ... အကုန်ကောင်းတာ အကုန်လုံးလဲ တဖက်သတ်အချစ်ဖြစ်နေတာ တွေ့ရတော့ ကြည့်ရတာ ခံစားဖူးတယ် ထင်တယ်နော်..။

မင်းနေဝေး September 12, 2009 at 8:27 PM  

အချစ်ဆိုတာ စကတည်းက တစ်ဘက်သက်ပဲလေ .... ခံစားရပါတယ် စိမ်းရေ

maylay September 17, 2009 at 1:27 AM  

အယ် ဒါက ဗီးနပ်စ်ကို တိုင်တည်ထားတယ်ပေါ့။ သူ့ဒြပ်မဲ့လက်ဖဝါးထဲကို ကိုယ်က ဆေးစွဲနေပြီတဲ့လား. စိမ်းရေ ဝေဒနာက မဖြေသာသေးသမျှတော့ ကြေငြာစရာ ကဗျာတွေ ရှိနေအုံးမှာပဲပေါ့နော်။