Loading...
.

မြင်ပေးပါ...

နင့်မျက်နှာတစ်ချက်မညိုစေဖို့
ငါ့မာနတွေ …
ပက်ပက်စက်စက် ဖြိုချပေးထားလျက်နဲ့…
`သွေးအေးတယ်…´
နင်မို့ အဲ့လိုပြောထွက်တယ်…

ရူးလောက်အောင်ချစ်တယ်ဆိုတာလဲ သိရဲ့…
ဘာကြောင့် ….ငါဒူးထောက်တာကိုမှ
နင်ထပ်မြင်ချင်နေရတာလဲ…
ငါက နင့်အတွက် ဆူးညှောက်လေလား….

နင့်အတ္တ အဖိတ်အစင်တွေတောက်ပဖို့ဆို
ဘ၀တစ်ခုလုံး မှောက်ချ
နောက်ကျကျနေရာနားကနေ
ဓါးထက်ထက်နဲ့ နှလုံးသားကိုခွဲ
အပြုံးများအငှားတပ်
အနားသတ်ပေးခဲ့တာပဲလေ…

ငါ့လမင်းက နင့်ကိုမှ ပထမဆုံး သာခဲ့ဖူးတာ..
ခုတော့….
မီးစာမကုန် ဆီလည်းလုံ(လောက်)လျက်နဲ့…
နင်လေဟုန်သုံး… ၀ုန်းကနဲ…
ငြိမ်းလိုက်တာ….
ခုထိကို…
မှောင်ပိန်းနေတုန်းပဲဟာ…

5 comments:

မင်းနေဝေး August 25, 2009 at 8:21 AM  

ကဗျာရေးတဲ့သူတွေက တစ်ဖက်သတ်ခံစားချက်တွေ များသလားပဲနော် .... :D

နေညှိ August 31, 2009 at 9:34 AM  

ခံစားချက်သက်သက် သွန်ချရတာ . . . မောလှတယ်

Anonymous September 1, 2009 at 5:07 AM  

ဟား.... ရေလည်ကိုလန်းတာ.... အောက်ဆုံးစာသားက အထိဆုံးပဲ.. ရှယ်မှရှယ်. ထူးထူးရှယ်ဗျာ..။

လင်းဒီပ September 9, 2009 at 10:08 PM  

မင်းကလည်း မင်းပါပဲ.. ငါကလည်း ငါ..:P

maylay September 17, 2009 at 1:55 AM  

ဟီးးးးပြောပြီးသွားကြပြီ။.။။။ စိမ်းရေ တဖက်သတ်က မမောဘူးလား။ နာတော့ မောတယ်။