Loading...
.

အယူခံ

ရင်မှဖြစ်ထွန်း ချစ်ရလွန်းသူ… ကို

သာတိုးချစ်စေ စိတ်ကရည်၍
ဆိုးနွဲ့ကာချစ်မူပိုသူကို
ပြစ်ဟူဆို၍ လူငိုအောင်
ချစ်ရည်ဖွဲ့ထုံး မယ့်ချစ်ဆုံးက
ခုတော့ မုန်းရက်လေသလား…

ရနံ့လှိုင်ဆွေး နှင်းဆီခိုင်လေးကို
ကြေးရတက်တွေနဲ့အပြိုင် မချိုင်ဝံ့သူမို့
မဆိုင်သူလိုနေ… အပိုင်မယူလိုသူရေ… လို့
သဘောအူထုံး နားလည်ဆုံးက
ခုတော့ ရှောင်ပုန်းရက်လေသလား…

မျိုးမြင့်မြတ်မှန်… တော်ဝင်သူထံကကမ်းတဲ့လက်မို့
အဆင်မွဲနဲ့ ခင်မဆွဲရက်ခဲ့တာကို
လွဲချက်ကယ်နာအောင် ဖဲမျက်လှည့်ပြခဲ့တာပါလို့…
ခွင့်လွှတ်တတ်သူက မယ့်ရင်ပူအောင်
ခုတော့ ညူစူရက်ပြီလား…

ပကာသန အရံအတားတွေကြားဝယ်
… သူ…
စံစားကာပျော်ပါစေတော့ရယ်လို့
အနစ်နာခံ မေတ္တာရံငဲ့….
ခုတော့ … ပစ်ကာချန်ခဲ့ရလေပြီ….

ရင်မှဖြစ်ထွန်း ချစ်ရလွန်းသူ…. ကို

သိမြင်ခံစား နားလည်အားစေ
စိတ်မှာဖြေဆည် မသွေဖီယွန်း
ချစ်ရည်ရွှန်းစို မျက်ဝန်းညိုမှ
ဖွင့်ဆိုပြလျှင် နှမခင်မယ်
ရင်ဝယ်ပီတိ ဂွမ်းဆီထိသို့
ပီဘိရွှင်ဘွယ် ဖြစ်မည်တည်း…

13 comments:

Nge Naing October 7, 2009 at 8:47 PM  

ကဗျာလာဖတ်သွားပါတယ်။ အလွမ်းဓါတ်ခံ ရှိတဲ့သူဆိုတော့ အလွမ်းကဗျာတွေကို ဖတ်ရတာ ဓါတ်ကူးချင်တယ်။ အဲဒါကြောင့် အလွမ်းစာတွေဆို ဝေးဝေးက ရှောင်လေ့ရှိပြီး ကိုလူထွေးထို့လို ဟာသစာတွေကိုပဲ အမိအရ လိုက်ရှာတယ်။ အခုတော့ အလုပ်များလွန်းလို့ ဟာသဆီကိုလည်း မရောက် ဘယ်မှမရောက်ပဲ ကိုယ့်ဆီရောက်လာသူဆီပဲ ရောက်လာတော့ လာပြီးမှတော့ မထူးတော့ပါဘူး ဓါတ်ကူးရင်လည်း ကူးပါစေတော့ ဆိုပြီး ဖတ်ပြီးမှပဲ ပြန်သွားတယ်နော့်။

Anonymous October 7, 2009 at 9:53 PM  

ကဗျာက အတော်ကောင်းသား.. စာသားလေးတွေညက်လို့.. လိုရင်းလည်းရောက်တယ်.. ရိုးရှင်းတယ်.. အသံညီတယ်.. ကောင်လေးသနားပါတယ်ဗျာ..

Anonymous October 7, 2009 at 9:54 PM  

(မှတ်ချက်။ ။ ကောင်လေးဘက်က ကြည့်ခြင်းဖြစ်ပါသည်.. သေချာတွေးတောကြပါကုန်.. ။)

maylay October 7, 2009 at 9:54 PM  

ဟေ့ရောင် စိမ်းးးးး ရေးတတ်လိုက်တာ ဟိုအရင် ခေတ်က စာဖွဲ့တွေလိုပဲ ကောင်းနေရော ကျုပ်လည်း တတ်ချင်လိုက်တာ။ ရေးကွာ ဆက်ရေး ဒိကဗျာကို မေလေး တအားကြိုက်တယ်ကွ

kiki October 8, 2009 at 12:47 AM  

အဆင်မွဲနဲ့ ခင်မဆွဲရက်ခဲ့တာကို
လွဲချက်ကယ်နာအောင် ဖဲမျက်လှည့်ပြခဲ့တာပါလို့…
ခွင့်လွှတ်တတ်သူက မယ့်ရင်ပူအောင်
ခုတော့ ညူစူရက်ပြီလား..........

ဪ ...ကြားဖဲ ဝင်ဆွဲ ဂျိုကာ အတွဲ နဲ့ 
ဖဲဝိဇ္ဇာကြီး က ချန်ထားရစ်လို့  ကျန်ရစ်မင်းသမီးကြီး စိမ်း တယောက် အယူခံ ဝင်နေရ ပါရောလား ကွယ် ...

သူကြင်မှ ကိုယ်ကြင် ..( မီးပျက်နေရင်တော့ ဓါတ်မရှိလို့  မကျင် နိုင်ဘူး ဖြစ်နေအုံးမယ် .. )
ရော့ ဂျင်းစိမ်း တတက် နဲ့ မိတ်သလင် တတက် ..
ငါးဘတ် ဟင်းလေး ချက်စား ...

ကိုယ့်ဟာကိုယ်ဖေါ်ထားတဲ့  ပီယဆေး ကြီးက လည်း အစွမ်းမပြတော့ပေတာလား ...
ဟိဟိ ..
ဆက်လုပ် ..ဆက်လုပ်.. အဟုတ် ..အဟုတ်..

နေညှိ October 8, 2009 at 2:01 AM  

ဘယ်လိုရေးးရေးး ကောင်းနေလွန်းတာက

ခက်နေတာ .....

--------------------------

နန်းညီ October 8, 2009 at 3:16 AM  

:)

မချစ်ရ October 8, 2009 at 5:59 AM  

စိမ်းရေကဗျာရေးကောင်းတဲ့စိမ်း
သင်ပေးသင်ပေးအဲလိုရေးတတ်အောင်
ဆရာစားမချန်သင်ပေး..နော်

ဝက်ဝံလေး October 8, 2009 at 7:57 AM  

အယ် စိမ်းရေ ကဗျာ ရေးသင်ခိုင်းနေကြပြီ သင်ပေးလိုက်ဦးနော် ဟီးးး ဟိုလေ ပိုက်ဆံကောက်တဲ့အလုပ်တော့ ဝံလေး လုပ်မယ်သိလား ဟိဟိ တယောက်တဝက်ပေါ့နော် ဟဲဟဲ

အိုင်လွယ်ပန် October 8, 2009 at 1:13 PM  

ဒါမျိုး အသွားလေးတွေ
မဖတ်ဖြစ်တာ ကြာပြီဗျ ...
သေချာ ဖတ်သွားပါတယ် ........

Unknown October 8, 2009 at 6:59 PM  

ကဗျာလေး လာခံစားသွားပါတယ်... ရှေးတုန်းက စာဆိုကြီးတွေလို ရေးတတ်တယ်နော်... စိမ်းကိုတော့ ချီးကျူးပါတယ်.... နောက်လဲ လာလည်ဦးမယ်....

Unknown October 9, 2009 at 12:31 AM  

အဟမ်း... အဟမ်း...

သူတို့များကြတော့... တို့နဲ့ကွာပါ့....

မနာလိုတော့ဘူးနော်...

ရင်မှဖြစ်ထွန်း ချစ်ရလွန်းသူ.. ကို...

ကဗျာလေးကို ဖတ်ရတာ တမျိုးလေးနဲ့ ခံစားမှုလေးတစ်ခုရလိုက်တယ် ပြောပြဘူး... :P :P :)

အနော် October 9, 2009 at 8:29 AM  

စိမ်းလို့ ပစ်ရက်သူကို
အယူခံမဝင်တော့ပါဘူး
တခါတည်းသာ နှလုံးသားကို ရှင်ရက်နဲ့ သေဒဏ်သာ ချမှတ်လိုက်ပါတော့ ဟော့ ဟော့ ဟော့ :P
စိမ်းရေ ကဗျာကောင်းလေး လာခံစားသွားတယ် သူငယ်ချင်းရေ
မနေ့ညက လာဖတ်ပီး မန့်ခဲ့တယ်ထင်တာပဲ
အခုပြန်ကြည့်တော့ မရှိဘူး
ထင်တာတော့ ဘယ် page မှာများ မှားပီး မန့်ခဲ့မိလေလဲ မသိ :((((