Loading...
.

ဗိန္ဓော

အ၀ိဇ္ဇာသည် မိန်းမောစေတတ်ဧ။်
မသိမှုမောဟကို ဖြစ်စေဧ။်
အမှန်ကိုမမြင်စိမ့်သောငှာ ဖုံးကွယ်ထားတတ်ဧ။်
တဏှာသည် စွဲလမ်းစေတတ်ဧ။်
လိုချင်မှုလောဘကိုဖြစ်စေဧ။်
ပူလောင်စိမ့်သောငှာ တပ်မက်စေတတ်ဧ။်

ထိုအရာနှစ်ခုပေါင်းစုံမိကြသောအခါ…
……..
……..

ချစ်ခြင်းသည် အလုံးစုံကိုပြောင်းလဲစေတတ်ဧ။်
မိမိကိုယ်ကိုပျောက်ဆုံးစေတတ်ဧ။်
တွေဝေစေတတ်ဧ။် မိုက်မဲစေတတ်ဧ။်
သင်္ခါရလောကနှင့် ဝေးကွာစေတတ်ဧ။်

အတ္တဖြင့် ချည်နှောင်စေတတ်ဧ။်…
ဝန်တိုခြင်းဖြင့် ပူလောင်စေတတ်ဧ။်…
စိုးရိမ်မှုများဖြင့် ပျားပန်းခတ်စေဧ။်…
အဆုံးစွန်၌ ရူးသွပ်ခြင်းကိုဖြစ်စေဧ။်…

ဤယူကြုံးမရ အပူလုံးကြွလျက်
လူလုံးမလှဖြစ်စေသော ဝေဒနာမျိုးရောဂါဆိုးကို
ဘိုးဘေးဘီအစဉ်ဆက် ချင်တွက်လို့ဖော်စပ်ထား
အစွမ်းထက်သော ဆေးနည်းကား….

အ၀ိဇ္ဇာနှင့်တဏှာရန်
ဥာဏ်မီးစွမ်းနှင့် အကျွမ်းလှော်
ညှီနံ့ပျောက်သော် ဖိုမှချ…
အလိုမကျတာတွေ ရောသမကာမွှေ
သဘောကျအောင် ခပ်ထွေထွေရလျှင်ဖြင့်
မနာလိုစိတ် ၀န်တိုပိတ်အောင်…
တိတ်ဇာတ်ကြောင်းများ ညက်ညက်ထောင်းကာ
စိတ်ဟောင်းနေလှန်း ရေသွေ့ခမ်းမှ
သတ္ထုရည်ညှစ် ခပ်ပျစ်ပျစ်ကို
ဖျစ်ဖျစ်ငိုမြည် ဖိုတွင်တည်စေ
မေတ္တာ၊စေတနာ၊ဥပေက္ခာနှင့်
ဂရုဏာပွား၊ကြင်နာများရံ ဤငါးပါးမံ၍
ပုလင်းထည့်တေ လေလုံစေလျက်
ဆီးကင်းခန့်လုံး တစ်ရက်သုံးခါ
ဆက်ထုံးကာသောက်ရင်ဖြင့်…
တသက်လုံးမှာ ဒီတစ်ယောက်သာစွဲချစ်မယ်ဟု
ဇွဲအသစ်နှင့်ချီ… ချွဲပြစ်လို့အီမနော်…
ဤကား ချစ်သက်ရှည်ဆေးအကျော်တည်း….

ဟယ် ရေးရင်း ရေးရင်းနဲ့ ဆေးကြော်ငြာလိုလို ဘာလိုလို... ထူးပါဘူးအေ... ကဲ... လိုချင်ရင် ကြိုတင် စာရင်းပေးပါ .... ဒါမှမဟုတ် ဗန္ဓုလပန်းခြံမှာ ဂိတ်ဆုံးရင်လည်း ကားပေါ်လာရောင်းပေးပါတယ်... တစ်ထုတ်ကိုမှ တစ်ရာ... ဆင်ရုပ်နဲ့တော့ လာမ၀ယ်နဲ့နော် သကြားလုံးအမ်းပလိုက်မယ်... :P

21 comments:

. October 2, 2009 at 8:37 AM  

ပာူးးးးးးးးးးးး ....

ဆေးနည်းလေးး တော့မှတ်ထားမယ် ..


ဖတ်ရင်းး နဲ့ မူးလာပြီ :) :P

kiki October 2, 2009 at 8:37 AM  

ဗိန္ဓော ဆရာမကြီး စိမ်း ကိုယ်တိုင် ဖေါ်စပ်ထားသော ပီယဆေးကြီး အား အွန်လိုင်းပေါ်တွင် ကိုယ်စားလှယ် ယူရောင်းပေးပါမည် ..
ကော်မရှင် ၃၃.၃၃ % ပေးရင် တမိနစ် အတွင်း အထုတ်ပေါင်း ဘီလျှံ ၅၀၀၀ ရောင်းပေးနိုင်သည် ။။

(ဗမာပြည်က လူတွေ ဆီးချို ရောဂါ ဖြစ်ရာတွင် အသင် အပြစ် ရှိသည် .. ခုံရုံးတင် စစ်ဆေးမည် .. )

Anonymous October 2, 2009 at 9:36 AM  

ဖတ်ရင်း တရားတောင်ပေါက်လာတယ်... အဲဒီဆေးလဲ မမှီဝဲတော့ပါဘူးဗျာ... နေပါစေတော့... ပေါ့စေလိုလို့ ကြောင် ရုပ်ထိုးတာ အရုပ်ကြောင့် ပိုလေးနေပါ့မယ်.. နေပါစေတော့... တော်ပါပြီ

မချစ်ရ October 2, 2009 at 9:53 AM  

စိမ်းရေအဲဆေးရှိရင်လိုချင်လို့ပါ
ဖောက်သည်ယူရောင်းမည်
မြတ်တာကိုစားသုံးမည်(ဟိ)
မကိုက်ဘူးလား
စိမ်းရေအတည်ပြောမယ်နော်
ကဗျာအရေးကောင်းတယ်
စိမ်းကဗျာတွေလာဖတ်နေကြ
မချစ်ရမရေးတတ်ဘူးသိလား

ဝက်ဝံလေး October 2, 2009 at 10:16 AM  

ရီရတယ် ဗြဲဟဲဟဲ ဟိဟိ

လိုင်းပြောင်းပြီပေါ့ဟုတ်လား ဘလော့ဂ်မရေးပဲနဲ့ရောင်းတော့မလို့လား ဟားဟားးးးးးးးးးးးးး

မယ့်ကိုး October 2, 2009 at 11:01 AM  

မိုက်တယ် ညီမလေး။
အတွေးလေးက ရှယ်ပဲ။ =)

မင်းနေဝေး October 2, 2009 at 7:28 PM  

အလုပ်အကိုင်မကောင်းဘူးထင်ပါ့ ....

chanye` October 2, 2009 at 9:38 PM  

ဒီလိုပုံစံရေးတာလည်း ရတာပဲ
တော်ပါပေတယ်

yangonthar October 3, 2009 at 12:32 AM  

အတွေးကောင်းပါတယ် ဒါတကယ်လိုတဲ့ ဆေးနည်းပဲ ..... ကဗျာလေးကော အရေးအသားပါ အင်မတန်ကောင်းပါတယ် လေးပါးဗြဟ္မစိုရ် ကမ္ဘာမြေဆုံး တည်ပါစေသော်
ခင်တဲ့
ရန်ကုန်သား :))

jr.lwinoo October 3, 2009 at 1:10 AM  

အင်း..ဆေးက ၉၆ပါးပျောက်တယ်ဟုတ်?
ဆင်ရုပ်နဲ့လာမ၀ယ်နဲ့နော်ဆိုတာလေး ကြိုက်မိတယ်။း))

ကိုလူထွေး October 3, 2009 at 10:07 AM  

သကြားလုံးကျွေးပါ...

းဝ)

ရင်ရဲ့ ရိုးရာ October 3, 2009 at 6:42 PM  

ဆေးလာဝယ်တာ စိမ်းရေ ဖြစ်တယ်ဟုတ် ကျန်သေးတယ်မလား တစ်ထုပ်ဘယ်လောက်လဲ အလုပ်ဖြစ်ပြီလား အတော်ရောင်းရတယ် ဟုတ် အပြေးလာဝယ်တာ နောက်ကျနေလို့ မောလိုက်တာ ရေတစ်ခွက်လောက် အဟီး အဲ့ဒီကဗျာ ကြိုက်တယ်ဗျာ

emayarKhin October 4, 2009 at 6:14 AM  

ကဗျာကကောင်းနေတယ်...
မျောနေတုန်း...ဗြုန်းဆို..
ဆေးရောင်းပါလေရော....:P

Nge Naing October 4, 2009 at 11:10 PM  

ကဗျာလေး သိပ်ကောင်းတယ် ကိုယ်ပိုင်ခံစားချက်လားမသိဘူး။

littlebrook October 5, 2009 at 1:51 AM  

စိမ်း ရေ... အဲ့ဆေးနည်းအတိုင်းဖော်ထားတဲ့ ဆေးရှိရင်
ချက်ချင်းရောင်းကုန်မှာသေချာတယ်
ကမ္ဘာကျော်သွားလိမ့်မယ် ...
ကဗျာလေးက မိုက်တယ် ကြံကြံဖန်ဖန်လည်း တွေးတတ်တယ် ...

လင်းဒီပ October 5, 2009 at 4:34 AM  

အနာနဲ့ဆေး အတွေ့ နောက်ကျတယ်ကွယ်..အခုတော့ အသည်းကျွမ်းနေပြီ...(အရက်သောက်တာများလို့..:P)

စည်သူ October 5, 2009 at 7:50 AM  

မမ ဂရိမ်းရေ..

အဲဆေးကို ဘာလို့အခုမှ လာရောင်းတာလဲ
ဆရာလည်း လာရော.. လူနာလည်းလျောေ၇ာပဲ
အဲ... ဟုတ်ပါဘူး

ဆရာအချိန်မှီ မရောက်လာလို့ လူနာလျောသွားတာ

အရင်ကတည်းက ဒီဆေးကို မဖော်စပ်ထားဘူးလား
ပေါလိုက်ချင်ဘူး

theserious9 October 5, 2009 at 10:49 AM  

ကဗျာလည်း ဆေး
ဆေးလည်း ကဗျာ :)
ကောင်းသောနေ့ ဗျာ .. :D

အိုင်လွယ်ပန် October 5, 2009 at 10:51 AM  

ဘာတွေ ဖြစ်ကုန် သတုန်း မသိ
အပေါ်က ကွန့်က ကျွန်တော်ပေးတာ :)

ဂေါက်သီးနဲ့ရှောက်သီး October 6, 2009 at 9:42 AM  

ရဘူး..သားဆီမှာ ဆင်ရုပ်ဘဲရှိတယ် :D

ဆေးစပ်နည်းကတော့ ဆရာဇီဝကတောင်လိုက်မှီမှာမဟုတ်ဘူးနော် :P

Anonymous October 8, 2009 at 12:55 AM  

စိမ်းရေ.
ကဗျာလေးးလာဖတ်ယ်
သူများတွေက ကိုယ်စလှယ်ယူရောင်းမယ်တဲ့
ရုံလေးလဲရောင်းပေးမယ်သိလား
အမြတ်တော့ မချစ်ရလို မစားသုံးတော့ပါဘူးနော်