Loading...
.

နောင်တမရကြေး

အသက်ကလေးရယ်မှ နှစ်ဆယ်မပြည့်သေးခင်…
ဟိုထင် ဒီထင်အတွေးနဲ့…
ကောလိပ်အထာတွေပေး…
သိပ်ချစ်တာပဲ ဆိုတာလေးကို ရင်ခုန်ခဲ့ဖူးရဲ့…

ကန်တော်ကြီးအနားမသီ အင်းလျားရယ်ဘယ်ဆီမှန်း
လမ်းရယ်မှ ခြေချခွင့်မကြုံ
ဘယ်လို ဘယ်ပုံပင်မသိ
အဓိပတိ နဲ့ ခရေပင်
ဂျပ်ဆင်ရယ်ဝေး သစ်ပုပ်ဆွေးတို့မပါလည်း
ခကွေးကို ယပင့်နဲ့ ချစ် ခဲ့တယ်ဆိုတာ…ယုံ…

သူငယ်ချင်းလား ရည်းစားလား …
ချေးများတတ်တဲ့နင် … ငါ့ရှေ့မှာ မညည်းတွားနဲ့လေ
စီးပွားရေးလုပ်နေတာမှ မဟုတ်ပဲ …
လျှော့ပေးစရာ ဘာအကန့်မှ မရှိဘူး …

မာနကိုအရေခြုံ ဥပေက္ခာပုံလောင်း
ခေါင်းမာချင်တိုင်းမာတယ်လို့စွတ်စွဲ
နောက်ဆုံးတော့…
နင်လည်း … ကောင်းမယ်ထင်တာလုပ်ခဲ့တာပဲလေ…
လုံးဝနောက်ပြန်လှည့်မကြည့်ကြေး လို့
မျိုးကျော့မြိုင်သီချင်းကို တစ် နှစ် သုံး ပြိုင်တူ အော်ပြီး
မုန်းခဲ့ကြတာပဲ … ငါ့ဆံပင်တွေတောင် ခါးထိရော့မယ်…
အခုမှ မျက်ရည်ကျပြတာတော့
တစ်ဆိတ် နောက်ကျလွန်းပါတယ် …
နောင်…တ…မ…ရ…ကြေး…ပေါ့ …


(ဖတ်ဖူးတဲ့လူများ တိတ်တိတ်လေးနေပါ... ရှူးးး တိုးတိုး မုန့်ဝယ်ကျွေးမယ်... :P)

23 comments:

M September 25, 2009 at 5:24 AM  

ရှူး ... ကဗျာဖတ်နေတယ် :P

M September 25, 2009 at 5:27 AM  

သြော .. ဂလို အခြေအနေတွေတောင်ဖြစ်ကုန်ပေါ့ ..
ဆံပင်ရှည်ထားတာ အဲ့တာကိုပြောချင်လို့လား ... :D

မီမို September 25, 2009 at 7:02 AM  

လုံးဝနောက်ပြန်လှည့်မကြည့်ကြေး လို့
မျိုးကျော့မြိုင်သီချင်းကို တစ် နှစ် သုံး ပြိုင်တူ အော်ပြီး
မုန်းခဲ့ကြတာပဲ … ငါ့ဆံပင်တွေတောင် ခါးထိရော့မယ်…

သိပ်ကောင်းတဲ့ အရေးအသားလေးပဲ ..
စိမ်းရေ ..

kiki September 25, 2009 at 7:09 AM  

ရှူးးးးး
ငယ်ငယ်လေးနဲ့  ဇီးပြားခိုးစား ..အဲ..
ရီးစား ခိုးထားခဲ့ကြ တာ ကို ..
သူများတွေ မသိအောင် နေပါ့လားလို့..
ပရဲ့ ဇီးဒဲန့် ရဲ့  နောက်ဆုံးခုံတန်းလေး တွေ အကြောင်း မေ့နေပြီလား ..စိမ်းရယ် ..
ဂတုံးဆံပင် ကနေ .. ခါးထိအောင်ဆိုတော့ အတော်ရှည်ခဲ့မှာပေါ့ ကွယ်...
နောင်တ ရ မိတာကတော့ ..
မင်းကို ဘာလို့ ဒီ့ထက် စောစောစီးစီး လမ်းမခွဲခဲ့ တာလည်း ဆိုတာပါပဲ ..

ဟီးး
ရောယောင် သွားပါ၏ ။။

လင်းဒီပ September 25, 2009 at 8:11 AM  

အခုမှ ဖတ်ဖူးတာပါ ညီမရေ...

လုံးဝနောက်ပြန်လှည့်မကြည့်ကြေး
လူဆိုတာ ကိုယ့်အကြောင်း ကိုယ်ပဲတွေး..:P

ဝက်ဝံလေး September 25, 2009 at 9:13 AM  

နောင်တ မရပါဘူး ဘာလို့ရရမှာလဲနော့် ဟိဟိ ကြော်ငြာဝင်တာလား ဆံပင်ရှည်ဆိုတာ ဒါဆိုလဲ ဖြတ်ပြီးရောင်းစားလေ ဆံပင်ဈေးကောင်းတယ် ဆိုပဲ ဟက် စ တာနော် ဘိုင် တာ့တာ

. September 25, 2009 at 9:22 AM  

.......... ဒီ ကဗျာလေးး သိပ်ကြိုက်တယ်........

အခုမှ သိတယ် ..........

ဒီ ကဗျာ အမ ရေးးးတာကိုးးးးးးးးးး

( တစ် နှစ် သုံးး ပြိုင်တူအော်ပြီး မုန်းခဲ့ကြတာပဲ ဆိုတဲ့ စာသားလေးး ကြိုက်တယ် ....... )

aaa September 25, 2009 at 9:36 AM  

အင်း... ငါကတော့ မကောင်းတာပဲ ပြောတတ်တာ နင်သိပါတယ်... ဟဲဟဲ.. ဒါပေမယ့် အကောင်းပြောမှာပါ... စာလုံးပေါင်းနည်းနည်းမှားနေတယ်ဟ... တစ်ချို့နေရာလေးတွေ... နောက်ဆို ငါ့ဆီအရင် ပို့လိုက်... ငါ အက်ဒီတာလုပ်ပေးမယ်... နင့်ရဲ ပေါတောတော သွပ်တွပ်တွပ် ဦးနှောက်ထဲမှာ ဒီလိုစကားလုံးလေးတွေ ရှိနေပါသေးလားဆိုတာတော့ ငါသိသွားတယ်....

Unknown September 25, 2009 at 9:58 AM  

အခုမှ မျက်ရည်ကျတာ နောက်ကျသွားပြီပေါ့လေ...

ဆံပင်တွေဖြူ သွားကျိုးပါစေ ...

အချစ်ဆိုတာ အမြဲတမ်းလန်းဆန်းနေမှာပါ....

နောင်တဆိုတာတော့....

နောင်မှ ရတာဆိုတော့လည်း

နောက်ကျသွားပြီပေါ့လေ...

မမစိမ်းရေ..
အစိမ်းရောင်တွေ ရေးခြယ်နေပါလား....

သံလွင် HeRo September 25, 2009 at 10:00 AM  

ချစ်တယ်၊ ကြိုက်တယ်...
နောက်တော့ သဘောထားတွေ
မတိုက်ဆိုင်ပဲ...ကွဲတယ် ပြဲတယ်...
ဒါဓမ္မတာပါပဲလေ...
ဖြစ်ပြီးရင်ပျက်မယ်...ပျက်ပြီးရင်ဖြစ်မယ်
တရားသဘောနဲ့သာမှတ်ပါကွယ် ဟီး
သူကနောင်တရပြီဆိုတော့
မမစိမ်းမှာက နောက်တစ်ယောက်ရသွားလို့
လားဟင်...တနားပါတယ်ဗျာ...ချစ်ခဲ့ကြ
တာပဲ ပြန်ဆက်လိုက်ပါ... :)

ကိုလူထွေး September 25, 2009 at 11:58 AM  

အရင်က မဖတ်ဖူးပါဘူး...
နောက်လှည့်ပြီးတော့လည်း ပြန်မရှာပါဘူး...
စိမ်းရဲ့ ကဗျာတွေကို ကြိုက်လို့လာဖတ်တာပါ...
ဒါပေမယ့် မုန့်တော့ဝယ်ကျွေးပါ...

းဝ)

yangonthar September 25, 2009 at 12:07 PM  

မစိမ်းရဲ့ ကဗျာတွေ ကြိုက်တယ် နောင်... တ.... မ.... ရ.... ဘဲ ဖတ်သွားတယ် .....အစပ်အဟပ် သိပ်မိတာပဲ .... ကောင်းတယ်ဗျာ
ခင်တဲ့
ရန်ကုန်သား :)))

Angel Shaper September 25, 2009 at 3:16 PM  

နောင်တမရပါဘူးနော်။။။
နောင်တမရ တတ်လို့ပါ။ ဟိဟိ
နောက်တာ။။။။
ကဗျာလေး တကယ်ကောင်းတယ် မစိမ်းရယ်။

အိပ်မက်ခြေရာ September 25, 2009 at 5:00 PM  

ဂွတ်ရှယ်ပဲ စိမ်း ဆိုတဲံအတိုင်း စကားလုံးစိမ်းစိမ်းတွေ
ပွင့်အံထုတ်နေတာကိုး အဟိ ရှုးတိုးတိုးတိတ်တိတ် မန့်သွားတယ်သိလား ဘူမှပြောနဲ့ ခွိ

စည်သူ September 25, 2009 at 10:22 PM  

မမ ဂရိမ်းရေ..

မရပါဘူးဗျာ.. ဟုတ်ဘူးလား..
ဖတ်ဖူးဘူးဗျ.. အခုမှ ဖတ်ဖူးတာ..

အဲမှားလို့..
ဖတ်ဖူးတယ်လို့ ဘယ်သူ့ကိုမှ မပြောပါဘူး
လာခဲ့ မုန့်ဝယ်ကျွေး..ဟဲဟဲ..

Anonymous September 25, 2009 at 11:55 PM  

မမစိမ်း ကဗျာလေးကတော့
ဂွတ်ရှယ်ပဲဗျာ
နောင်တမရကြေးတဲ့လား
အခုတော့ အလာကောင်းပေမယ့်
အခါနှောင်းသွားပြီမောင်မင်းပေါ့
း)

ခင်မင်လျက်
ဝသန်မိုး

chanye` September 26, 2009 at 1:29 AM  

ခါးထိရော့မယ်ဆိုပဲ။ ဒင်း..အိပ်နေတုန်း ဆံပင်တွေ၇ိတ်ပြီး ရောင်းစားမှ

Vista September 26, 2009 at 3:26 AM  

ဆံပင်ရှည်တွေဝယ်ဒေ ......... ဟိဟိ

အနော် September 26, 2009 at 8:09 AM  

စိမ်းရေ အခုမှရောက်တယ်
ကဗျာလေးကို လာခံစားသွားတယ်နော်
နောင် တ မ ရ ကြေး တဲ့ လား စိမ်း ရေ

မင်းနေဝေး September 26, 2009 at 6:38 PM  

cbox မှာအော်မရလို့ .. ဒီမှာအော်ခဲ့တယ် ..
မောနင်း .... :)

Anonymous October 2, 2009 at 6:58 AM  

အာ..ဟား... လန်ထွက်နေတာပဲ ဆိုတာ ဒါကိုပြောတာ ဖြစ်မယ်..။
အဲလောက်ထိလဲ အသည်းမမာပါနဲ့ဗျာ... ခုမှ တကယ်ချစ်မှန်း သိလို့နေမှာပေါ့....။

littlebrook October 5, 2009 at 1:58 AM  

နောင်တမရကြေးပေါ့ဆိုပေမယ့် နောက်ဆုံးမှာ စာလုံးလေးတွေခွဲရေးထားတာက မပြောချင်ပြောချင်
မပြောရက်ဘဲ ပြောထွက်လိုက်ရတဲ့ပုံပါလေ ..
နောင်... တ... မ... ရ ... ကြေး ..ပေါ့

နောက်တခုဖြစ်နိုင်တာက စိတ်ထဲပြတ်ပြတ်သားသားရှိတယ့်အချိန်မှာလည်း
အဲ့လို စကားကိုတစ်လုံးချင်းပြောတတ်ကြတယ် ..
ဒါပေမယ့် နောက်ဆုံးက ပေါ့ဆိုတာလေးထည့်ထားတော့
အပေါ်က မပြောချင်ပြောချင်ပြောတယ်ဆိုတာက အလေးသာသွားရော ...

ဟီးဟီး ... လျောက်ပြောကြည့်တာနော် . စိတ်မဆိုးနဲ့

နွေး October 12, 2009 at 1:24 AM  

ဒီကဗျာလေးကြိုက်တယ်ကွယ်..း-)