Loading...
.

၂၁ ရာစု သစ္စာ

သေပြီးသား ငါ့ကို အားအားလျားလျား လာလာမစပါနဲ့…
သနားတတ်ရင် လှည့်မကြည့်နဲ့ …
အဲ့ဒီမျက်ဝန်းတစ်စုံအတွက်ပဲဆိုရင်
ငါ…. ပြတိုက်မှာသွားကြည့်လိုက်မယ်…

ကျေးဇူးပြု၍
နင့်နာမည်နဲ့ ထုဆစ်ထားတဲ့
ငါ့ဝိဥာဉ်ပါ တပါတည်းခေါ်သွားပါ…
အဲ့ဒီကောင်လည်း ငါ့ကိုသစ္စာမရှိဘူး…

ဆောင်းတွင်းရောက်ပြီဆိုတာ
ပြက္ခဒိန်က ဘုရားစူးကျိမ်ပြနေရတဲ့နောက်…
ဒီဇင်ဘာရယ်...
နင်ဘယ်လိုအလှဆုံးကြိုးစားဦး…
နှင်းမပါမှတော့ မဲ့ပြုံးပဲပေါ့…

နင့်ရယ်သံတစ်ချက်မှာ
ဖြုတ်ကနဲ ကြွေကျလာတဲ့ ကိုယ်သင်းရနံ့ကို
အငမ်းမရသောက်သုံးပြီး ငါ့နှလုံးသားကို အဆုံးစီရင်မယ်…
ဇာတ်တူသားစားတဲ့ နင့်အတ္တတွေအတွက် …
အမြည်းတစ်ခွက်ပေါ့…

13 comments:

Unknown September 7, 2009 at 7:58 AM  

စာသားတွေက ကောင်းလှချီလားဗျာ ကဗျာထဲမှာ
ခံစားချက်တွေနဲ့ က ခုန်ပေါက်နေတယ်
စာလုံးတိုင်းရဲ့ အင်အားတွေကောင်းတယ်
အရမ်းသဘောကျပါတယ်
ခင်မင်လျှက်
ရန်ကုန်သား :D
အေးမြသာယာပါစေ

. September 7, 2009 at 9:36 AM  

နောက်ဆုံးတပိုဒ် အရမ်းးကြိုက် . . . :)

မင်းနေဝေး September 7, 2009 at 8:09 PM  

ကျောင်းမှာ ခလုပ်တိုက်လာတယ်ထင်တယ်နော် .....
နဲနဲပြင်းတယ်ဗျ .... ကောင်းတယ် ။...

မြစ်ကျိုးအင်း September 8, 2009 at 3:25 AM  

ကဗျာထဲက စကားလုံးတွေကို ခြွေချဘို့ စကားလုံး ရှာမရဘူးဖြစ်နေတယ်။
မပြည့်စုံနိင်ပေမယ့် အရှင်းဆုံးပြောရရင် ဒီကဗျာကို နှစ်သက်တယ်။

သားကြီး September 8, 2009 at 7:21 AM  

အခုလိုမန့်ရတော့ နည်းနည်းပိုအဆင်ပြေတာပေါ့

မီမို September 8, 2009 at 7:34 AM  

သိပ်ကောင်းတဲ့ ကဗျာလေးပဲ

jr.လွင်ဦး September 8, 2009 at 11:04 AM  

နှင်းမပါတော့ မဲ့ပြုံးတဲ့လား။
ကြိုက်မိတယ်။
း)

ငှက်ငယ်လေး September 8, 2009 at 6:58 PM  

ဆောင်းတွင်းရောက်ပြီဆိုတာ
ပြက္ခဒိန်က ဘုရားစူးကျိမ်ပြနေရတဲ့နောက်…
ဒီဇင်ဘာရယ်...
နင်ဘယ်လိုအလှဆုံးကြိုးစားဦး…
နှင်းမပါမှတော့ မဲ့ပြုံးပဲပေါ့…


အားပါးပါး...ခံစားချက်တွေကမိုက်လှချည်လားမမရယ်

နွေးနွေးသဲမွန် September 8, 2009 at 7:13 PM  

ရက်ရက်စက်စက် ကောင်းတယ်..>>>.ကျေးဇူးပြု၍
နင့်နာမည်နဲ့ ထုဆစ်ထားတဲ့
ငါ့ဝိဥာဉ်ပါ တပါတည်းခေါ်သွားပါ…
အဲ့ဒီကောင်လည်း ငါ့ကိုသစ္စာမရှိဘူး…

ဆောင်းတွင်းရောက်ပြီဆိုတာ
ပြက္ခဒိန်က ဘုရားစူးကျိမ်ပြနေရတဲ့နောက်…
ဒီဇင်ဘာရယ်...
နင်ဘယ်လိုအလှဆုံးကြိုးစားဦး…
နှင်းမပါမှတော့ မဲ့ပြုံးပဲပေါ့… <---

မယ့်ကိုး September 8, 2009 at 9:58 PM  

ကဗျာလေးကြိုက်လိုက်တာ...

နင့်နာမည်နဲ့ ထုဆစ်ထားတဲ့
ငါ့ဝိဥာဉ်ပါ တပါတည်းခေါ်သွားပါ…
အဲ့ဒီကောင်လည်း ငါ့ကိုသစ္စာမရှိဘူး…

စာလုံးလေးတွေ အရမ်းလန်းတယ် =)

Anonymous September 8, 2009 at 10:43 PM  

ကဗျာကလည်း နင့်နင့်နဲနဲပါလား.. သနား၏

မေလေးညို September 10, 2009 at 12:36 PM  

ကဗျာလေးမိုက်တယ်.. ဒုတိယပိုဒ်လေးကတော့ အမှန်ဆုံးပဲ..:) :)

HRmyanmar October 10, 2009 at 3:30 AM  

ဒီကဗျာလေး လန်းတယ်ဗျာ
ကြိုက်သွားပြီဗျို့ ....
ခုမှရောက်ဖူးပေမယ့် တော်တော်များများဖတ်ဖြစ်သွားတယ်
ဒီကဗျာ ရဲ့ အတွေးလေးနဲ့ စကားလုံးလေးတွေ အရမ်းဂွတ်တယ် ဒီလိုကဗျာလေး ရေးဖြစ်ရင် ထပ်ဖတ်ချင်သေးတယ်ဗျာ