Loading...
.

ရောက်ဖြစ်သော ဘလော့ဂ်များ

သတိတရတဂ်တဲ့ ကိုမင်းနေဝေးရေ ကျေးဇူးပါ....

သွားနေကျ ဘလော့ဂ်က အခု ၅၀ ကျော်ပါတယ်... Bookmark list ထဲမှာကို drop down နဲ့ မနည်းဆွဲချပြီး ကြည့်နေရပြီ... နေ့တိုင်းလည်းရောက်ဖြစ်တယ်... ကွန်မန့်တော့ ပေးရမှာပျင်းပါတယ်... အဲ့တော့ တိတ်တိတ်လေးသွားပြီး တိတ်တိတ်လေးပဲ ပြန်ဖြစ်တယ်... နေ့တိုင်းသွားတယ်ဆိုကတည်းက ကြိုက်လို့ပေါ့ အဲ့ဒီထဲက ၅ ခုတည်းရွေးရမယ်ဆိုတာတော့ တော်တော်လေးကို ကသီလင်တနိုင်ပါတယ်... ပိုရေးလို့ရတယ် ဟုတ်.. ???

ကွန်ပျူတာဖွင့်ဖွင့်ချင်း စသွားတာက ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်ပါ... သူက သတင်းဌာနပေါင်းစုံကရေးတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ သတင်းမှန်သမျှကို ညွှန်းပါတယ်... လင့်ခ်တွေပဲ ပါတာပါ.... သက်ဆိုင်ရာ လင့်ခ်ကိုထောက်ပြီး မူရင်းဆိုဒ်မှာ လိုက်ဖတ်ပါတယ်... တစ်ဆိုဒ်ဝင် တစ်ဆိုဒ်ထွက် လိုက်ဖတ်နေစရာမလိုတော့ဘူးပေါ့ ... မြန်မာပြည်မှာဖြစ်သမျှတွေ သိရပြီး အချိန်ကုန် သက်သာလို့ သဘောကျပါတယ် ...

ဒါပြီးရင်တော့ ကိုပေါ ဆီရောက်ပါတယ်... မြန်မာနိုင်ငံအရေး၊ စင်ကာပူနိုင်ငံနဲ့ စင်ကာပူအစိုးရအကြောင်းကိုယ်မသိသေးတဲ့ အချက်တွေနဲ့ သူ့မိသားစုဘ၀အကြောင်းတွေကို ဗဟုသုတလည်းရ ဟသရသလည်း ရအောင်ရေးတတ်တဲ့အတွက် ကြိုက်ပါတယ်...

နောက်ပြီးရင် ကိုညီလင်းဆက် ဆီသွားပါတယ် (အမေးတော်ဖြေကျမ်းကြီးတင်ထားတာ လွန်ခဲ့တဲ့တစ်ပါတ်ကျော်ကတည်းက ... ပို့စ်အသစ်တင်တာ စောင့်နေပါတယ် ... ) ဓါတ်ပုံ ပန်းချီ စတဲ့ အနုပညာတွေအပြင် နည်းပညာနဲ့ပတ်သတ်တာတွေ စာအုပ်အညွှန်း စစ်တမ်းကောက်ယူချက်လိုမျိုး စိတ်ဝင်စားစရာတွေ စုံပါတယ် ... သူလုပ်ထားတဲ့ မြန်မာစာအုပ်တွေညွှန်းပေးတဲ့ဆိုဒ်လေး ကိုလည်းရောက်ဖြစ်ပါတယ်...

ချမ်းရဲ နဲ့ ကိုလူထွေး ကိုသားကြီး ဆီရောက်ရင်တော့ အမောပြေတယ်.... ပေါက်ပေါက်ရှာရှာဟာသတွေ တွေးတတ်ရေးတတ်တဲ့သူများ...

အရိမဒ္ဒနပူရ သူရဲကောင်း အခန်းဆက်ကိုစောင့်ဖတ်နေတာမို့ ဗီလိန်ရဲ့အိပ်ယာ ကိုလည်းရောက်ဖြစ်တယ်... (ဘလော့ဂ်နာမည်သက်သက်သာ... :P)

ခေတ်လူငယ်တွေရဲ့ ဘ၀ခံယူချက် အတွေးအခေါ်နဲ့ အနုပညာစွမ်းရည်များကို မျက်ချေမပျက်အောင်တော့ စင်ကာပူက ဖိုးဂျယ် နဲ့ မလေးရှားက Craton တို့ဆီသွားပြီး စနည်းနာတယ်...

မ၀ါ နဲ့ ဦးဥာဏ် နောက် ဆစ်ဒနီက ကိုအန်ဒီ တို့လို အောင်မြင်ပျော်ရွှင်နဲ့ မိသားစုဘ၀ကို စီမံခန့်ခွဲနိုင်သူတွေရဲ့ ဘ၀နေနည်းနဲ့ အခက်အခဲများကို ပညာဥာဏ်ရှိစွာကျော်လွှားပြီး အချိန်ကို ဘယ်လိုအကျိုးရှိအောင် အသုံးပြုနေတယ်ဆိုတာမျိုး သွားလေ့လာမှတ်သားပါတယ်...

အကျိုးပြုလုပ်ငန်းတွေလုပ်နေတဲ့ မမေလေး နဲ့ မနိုင်းနိုင်းစနေ ဆီလည်း သုတ ရသ စာပေလေးတွေဖတ်ရအောင် သွားလည်တတ်ပါတယ် ...

မမီးချစ်ဆီရောပဲ... သွားတယ် ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရတယ် အလှအပရေးရာ ဗဟုသုတတွေလည်း ရတယ်...

ကိုလင်းဒီပ ကိုမင်းနေဝေး နဲ့
ကောင်းကင်ကို နေညှိ ကိုညီလင်းသစ် တို့ဆီက ကဗျာတွေ သွားသွားဖတ်တယ်...

ပန်းချီတော့ သိပ်မကြည့်တတ်ဘူး ဒါပေမယ့် ကိုညီမင်းစံ
ကိုရဲလွင်ဦး ကိုသခင်ကြီး တို့ဆီမှာ ဓါတ်ပုံတွေ သွားသွားငမ်းတယ်...

အချက်အပြုတ်လုပ်ငန်းမှာ အကြီးအကျယ် အားနည်းတဲ့အတွက် ၃၅ နှစ်ပြည့်မွေးနေ့မှာ ပုန်းရည်ကြီး ထမင်းသုတ်လုပ်ကျွေးတဲ့ မလုလု (ပြီးခဲ့တဲ့အပတ်ကျောင်းပိတ်တော့ လုပ်စားဖြစ်ပါတယ် ကြိုက်တယ်... :) )ချစ်သူကို ငယ်ကြောက်ပါဆိုတဲ့ မျက်လုံးလှလှလေးနဲ့မကူးကူး ထမင်းအိုး (အာလူးကတ်သလိတ်ကြော်ပြီးကတည်းကပျောက်နေပါတယ် ... ) စုဘူးအိမ် (လောလောဆယ် မကူးကူးတဂ်ထားတဲ့ပို့စ်မှာ ချစ်ချစ်ကို အပီတွယ်ထားတယ်...:P) တို့ဆီလည်း မသွားလို့မဖြစ်ပြန်ဘူး...

သက်ပိုင်သူဆီလည်း သွားတယ် ၀တ္ထုတိုတွေကြိုက်တယ် Memories of Gaishia ကို သူပြန်ရေးတာဖတ်လို့ သိပ်ကောင်းပဲ ... အဲ့ဇာတ်လမ်းကိုကြည့်ဖူးတယ် ဒါပေမယ့် ဂေးရှားမယ်တွေအကြောင်းကို အခုလောက်မသိသေးဘူး ကိုသက်ပိုင်သူရေးပြတော့မှ ကိုထင်သလိုမဟုတ်မှန်းသိရတာ...

ကိုပီတာ့ ဆီမှာ ထူးထူးဆန်းဆန်းတွေ သွားကြည့်ပြီး ဟာကနဲ ဟင်ကနဲ ...

ဘလော့ဂါ အငြိမ့်(၂) နဲ့ အူနာအောင်ရယ်ခိုင်းတဲ့ မျှစ်ချိုးရင်းမွေးတဲ့ ကိုမြစ်ကျိုးအင်း ကတော့ လောလောလတ်လတ် ပွဲဈေးတန်းဆိုတဲ့ဘလော့ဂ်နဲ့ သူသိသမျှဘလော့ဂါတွေကို အချစ်စမ်းထားပါတယ်... ဘလော့ဂါအငြိမ့် (၁) ကိုရေးတဲ့ အိမ်တိုင်ကျိုး က စိမ်းရေးတဲ့ ကဗျာကို နားမလည်ဘူးလို့ အားပေးသွားတဲ့အတွက် သူ့ဘလော့ဂ်ကိုလည်း မှန်မှန်သွားပြီး လစ်ရင် ပြန်တွယ်မလို့ချောင်းနေပါတယ် ... လောလောဆယ်ထိ သူရေးတာတွေကို နားလည်နေပါသေးတယ် .. အေးလေ ကိုယ်ကဥာဏ်ကောင်းတာကိုး... (ကျီစယ်ရုံသက်သက်သာ... :P)

တစ်နေ့ကမှ ပြည်ကပြန်ရောက်တဲ့ ပန်းချီဆွဲတဲ့နန်းညီ ဆီလည်း ရောက်တယ်... ဓါတ်ပုံတွေကြည့်ရင်းတောင် အပျော်တွေကိုယ့်ဆီကူးတယ်...

တော်မှထင်တယ် .... သိပ်များနေပြီ... ကျန်သေးတယ် ဖတ်လတ်စ ဘလော့ဂ်တွေ ... littlebrook တို့ ရန်ကုန်သားတို့ တောင်ပေါ်သားတို့ ပန်ဒိုရာတို့ မဂျာမုန်း ...အများကြီးပဲ... ရေးရရင် အဆုံးကိုရှိမှာ မဟုတ်တော့ဘူး...

ထို့ကြောင့် ဤနေရာတွင်ပင် နိဂုံးချုပ်လတ္တံ့......

11 comments:

မြစ်ကျိုးအင်း September 3, 2009 at 8:14 AM  

ဒီတဂ်ပို့စ်က ဒီလိုရေးတာအကောင်းဆုံးပါပဲ..။ကိုယ့်နာမည်ပါလို့မဟုတ်ပါဘူး
ဒီလောကထဲမှာ ကျင်လည်နေသမျှ အားလုံးနဲ့ ခင်ခင်မင်မင်ရှိရပါမယ်။

မင်းနေဝေ September 3, 2009 at 8:17 PM  

ဟိုက် .. ကောင်းရောဗျာ .....
ကျွန်တော်ကတော့ အဲ့လောက် မဖတ်နိုင်တာ တကယ် ....
ကျေးဇူးပဲစိမ်းရေ ...

Anonymous September 4, 2009 at 12:23 AM  

ဂိမ်...... မှန်မှန်လာတာ အတော် သဘောကျနေတယ်မှတ်လို့ ..ဘယ်ဟုတ်မလဲ ပြန်တွယ်ဖို့ လာတာကိုး...... သတိထားရမဲ့ ပုံစံ ပါလား.... ကြောက်တောင် ကြောက်လာပြီ.....။

ကိုလူထွေး September 5, 2009 at 6:00 AM  

အိမ်လာလည်ရင် ရေခပ်တိုက်မယ်...
အမောပြေအောင်လို့...

းဝ)

ဧရာဝတီသား September 5, 2009 at 12:44 PM  

စာ အတော်ဖတ်နိုင်တာပဲ၊ လေးစားပါတယ်။ စာတွေလည်း အများကြီး ဆက်လက် ရေးသားနိုင်ပါစေဗျာ။

ခင်မင်လျက်

သက်ပိုင်သူ September 5, 2009 at 7:47 PM  

စိမ်းရေ .. လာလည်တာ ကျေးဇူးပါပဲဗျာ...
ဒီနေ့ မြန်မာ့ပုံရိပ်တွေအဆက် ဆက်တင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်လည်း စိမ်းလိုပဲ... ဘယ်ဘလော့ ရောက်ရောက် မမန့်မိဘူး။ စာတွေတော့ ဖတ်ဖြစ်ပါတယ်ဗျာ။

ဂေရှားနဲ့ ပါတ်သက်တာလေးက ကျွန်တော်နောက်ထပ် ရေးမယ့် ၀တ္ထုတိုလေးနဲ့ သက်ဆိုင်လို့ အင်ထရိုရေးထားတာပါ။ ၀တ္ထုတိုလေးလည်းပြီးတော့မယ်။ မကြာခင် ဘလော့ပေါ်ရောက်လာမှာပါ။ လာအားပေးပါဦး။

ကျေးဇူးတင်စွာဖြင့်
သပသ

ဝက်ဝံလေး September 6, 2009 at 1:24 AM  

စိမ်းရေ ရောက်ရောက်

ဝက်ဝံလေး September 6, 2009 at 1:25 AM  

အော် တိသွားပြီ ဘီလိုမန့်ရမယ်ဆိုတာ ဟိဟိ

စိမ်းရေ စောစော မလာနိုင်တာ ခွင့်လွှတ်ပါကွယ် ဟိဟိ ရှုတင်တွေ ဆက်နေလို့ပါကွယ် ခွီးးးခွီးးးးး ဟဟဟဟ ဘိုင်နော် တာ့တာ ချိမ်းလေး အဲ စိမ်းလေး ဟိဟိ (ဂျစ်လို့ ခင်လို့ စ သွားတယ် သိရား စိတ်မဆိုးဘူးဟုတ် ) အဲလိုပဲ များက ခင်ရင် အားကြီး စ တတ်တယ် သိရားရို့ ဘိုင် တာ့တာ လျှာတွေ လိပ်တယ်အဲလို ပြောရတာ ဟိဟိ

အနော် September 7, 2009 at 10:26 PM  

နင့်နာမည်နဲ့ ထုဆစ်ထားတဲ့
ငါ့ဝိဥာဉ်ပါ တပါတည်းခေါ်သွားပါ…
အဲ့ဒီကောင်လည်း ငါ့ကိုသစ္စာမရှိဘူး…
အဲ့ဒီစကားလုံးလေး အသေကြိုက်တယ်
ကဗျာလေးတွေရော
ဘလော့အရောင်လေးပါ လန်းတယ်
အရမ်းသဘောကျတယ်

ဖိုးဂျယ် September 8, 2009 at 9:05 AM  

အမရေ ကျွန်တော်က ရန်ကုန်ရောက်နေပြီ ခင်ဗျာ့
အမစိမ်း ရေးမှပဲ ကျွန်တော် ကိုယ် ကျွန်တော် နည်းနည်း
အထင်ကြီး ချင်ချင် ဖြစ်လာတယ်

ကျေးဇူးပါ လာလည်ပေးလို့း)

Anonymous September 8, 2009 at 10:41 PM  

အယ်...
“ခေတ်လူငယ်တွေရဲ့ ဘ၀ခံယူချက် အတွေးအခေါ်နဲ့ အနုပညာစွမ်းရည်များကို မျက်ချေမပျက်အောင်” ဆိုပါ့လား..

တားတားလေး မြောက်သွားပီ.. ခွိ..ခွိ
ကျေးကျေးစ်