Loading...
.

အမှန်ဆိုတာ....

`ချစ်တယ်´လို့ နင်ပဲပြောခဲ့တာလေ…
နောက်တော့လည်း
ငါပဲ ……….
အပြစ်ပယ်ခံ…
နင့်အတွက်ကတော့ အရာရာဟာ..
ဖြစ်လွယ်သလို
ပျက်ဖို့ကျတော့လည်း လွယ်ခဲ့တာပဲ…

`သူငယ်ချင်းပဲလုပ်ရအောင်´တဲ့
နင်ကောင်းတယ်ဆိုမှတော့ …
ငါ…………
ခေါင်းဘာလို့ခါရမှာလဲ……

ဒဏ်ရာတွေသာ အမြစ်တွယ်ခဲ့လို့
တစ်ခါတစ်ခါတော့
ငါ…………..
ညစ်ကျယ်ကျယ်တွေးမိသေးတယ်…
`ချစ်တယ်´ ဆိုတာလေးများ ပြန်ကြားရနိုးနိုး
ဖြစ်မယ်တော့ မသေချာဘူးပေါ့…

အမှန်တရားကို မြတ်နိုးသူကြီးရဲ့…
မမှားတိုင်းသာ အမှန်ဖြစ်ကြေးဆို…
ပြန်ချစ်ပေးဖို့ ဘာကြောင့်များ
ဒီလောက်ဝန်လေးနေရတာလဲ…

မျက်မှန်စိမ်းကြီးတပ်
ငါ့နှလုံးသားကို ကြတ်ခြေခတ်လိုက်တာများ
`အားနာတယ်´ ဆိုတဲ့ အကြည့်တစ်ချက်နဲ့တင်
ငါ ………………..
အသက်မရှူတတ်တော့ဘူးဟယ်….

4 comments:

. August 31, 2009 at 9:31 AM  

ဒီ ကဗျာလေးး ကြိုက်တယ်ဗျာ

Anonymous September 1, 2009 at 5:11 AM  

ကဗျာအားလုံး ရေလည်မိုက်တယ်... ဗျား..။ လန်ထွက်နေအောင်ကို မိုက်တာ.. ဘာပြောရမှန်းတောင် မသိတော့ဘူး..ဆက်ပြောရင်လဲ အရိုက်ခံရဖို့ကနီးနေပြီ ဆိုတော့ ဘာမှမပြောပဲ ကဗျာလေးကောင်းတယ်ပဲပြောသွားပါတယ်ဗျာ။

မင်းနေဝေး September 12, 2009 at 10:23 PM  

တကယ်ခံစားရစေပါတယ်ဗျာ .....

maylay September 17, 2009 at 1:33 AM  

မပြောတတ်တော့ဘူး ကောင်းလွန်းလို့လေ။ နော် စိမ်း