Loading...
.

ကွာခြားခြင်း...

ဝေဒနာအတိမ်အနက်ကို ချိန်ဆက်၍ကြည့်သော်…
မျှော်လင့်ခြင်းများ လိမ်ယှက်
အိမ်မက်တွေတိုင်းမှာ
ကျွန်တော်မျိုး အမိုက်မ…
အရှင့်သား အမည်နာမအား
ရာရာစစ ရွတ်ဆိုချင်ခဲ့မိပါတယ်…

ထားရင်လည်းနေ သတ်ရင်လည်းသေရပါမယ်…
တော်ရာမှာမနေ… မျှော်ကာလေမှန်းလင့်
နမ်းခွင့်ရချင်မိတဲ့….ပန်းတစ်ပွင့်ရဲ့အဖိုးအခ …
ငါ့ဘ၀နဲ့ယှဉ်ထိုးတော့…ပြောင်းပြန်အချိုးကျတာ…
သူကလေ..….
မိုး…ကျ…ရွှေ…ကိုယ်…

ကိုယ့်ကိုလောင်မယ့်အမျိုးမှန်းလည်းသိရဲ့
ငါကိုယ်တိုင် မီးစကိုထိုး…. တယုတယပျိုးလို့…
ဇွတ်အတင်းတိုးတဲ့ ပိုးဖလံနှယ်…
တပွဲတလမ်း …အကဲစမ်းချင်သူ
ဟောဒီက … အရူးအနှမ်း ငယ်ကကျွမ်းအား
အမှုတော်များ ထမ်းစေငြားက…
ပေးလာသမျှအခွင့်ထူး … ရွှင်ပျော်လို့မြူးကာ..
ဦးဆွေးလို့ဆံမြည့်သည့်တိုင်… အလိုတော်ဖြည့်နိုင်သူရယ်ပါ..…

ရွှေစိတ်တော်မညိုအားလို့
သနားစိတ်ယိုဖိတ်ခဲ့လျှင်
တင်ပါသည် အရှင့်သား ….
ရွှေနားတော် မပန်ဆင်လို
ဖ၀ါးတော်နုနုညက်ရယ်မှ …
နှလုံးသည်းအူ ပြတ်လုအောင်ကျွမ်း….
လှမ်းခွင့်ရယ်ဝေးလို့ ငေးကာမျှော်ကိုး
ကျေးတော်မျိုး ကျွန်တော်မျိုးအား …
မော်ဖူးခွင့်များ ပေးသနားလှည့်ပါ အရှင့်သား….

4 comments:

မင်းနေဝေး September 12, 2009 at 8:16 PM  

ခုရော မော်ဖူးခွင့်ရပြီလား .... ကဗျာအရမေးတာပါဗျာ ... :D

maylay September 17, 2009 at 1:02 AM  

စိမ်းရယ် ရေးတတ်လိုက်တာ။ နန်းဟန်ဖွဲ့တွေနဲ့ နန်းဆန်နေလိုက်တဲ့ကဗျာ။ ကဗျာထဲကလိုပဲ ခုရော မော်ဖူးခွင့်ရပြီလား။ ကဗျာကို ဖတ်ရတာလေ ဟိုးးနန်းတွင်းခေတ်ကို ပြန်ရောက်သွားသလိုပဲ။

maylay September 17, 2009 at 1:02 AM  

စိမ်းရယ် ရေးတတ်လိုက်တာ။ နန်းဟန်ဖွဲ့တွေနဲ့ နန်းဆန်နေလိုက်တဲ့ကဗျာ။ ကဗျာထဲကလိုပဲ ခုရော မော်ဖူးခွင့်ရပြီလား။ ကဗျာကို ဖတ်ရတာလေ ဟိုးးနန်းတွင်းခေတ်ကို ပြန်ရောက်သွားသလိုပဲ။

moekyashweko September 30, 2009 at 10:39 PM  

ဒို့ကိုများ..စောင်းပြီးရေးတာလားဟင်..:P